News

၅ နှစ်အတွင်းမှာ download လုပ်သူအရေအတွက် ၄၅ မီလီယံ ရရှိခဲ့တဲ့ Respawnables mobile

ထွက်ရှိတာ ၅ နှစ် ကြာခဲ့ပြီးတဲ့နောက်မှာတော့ Digital Legends Entertainment မှ သူ့ရဲ့ မိုလ်ဘိုင်းဂိမ်း တစ်ခုဖြစ်တဲ့ Respawnables ဟာ download လုပ်သူအရေအတွက် ၄၅ မီလီယံ နဲ့ ၂.၅ ဘီလီယံ ပွဲဆော့ကစားမှုစံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ အခုလိုအောင်မြင်မှုက Digital Legends Entertainment အတွက် နောက်ထပ် နောက်ထပ်သော ဂိမ်းတွေကိုထပ် ထုတ်လုပ်ဖို့အတွက် ယုံကြည်မှုတွေ ပိုပြီးရှိလာစေပါတယ်။

Respawnable က shooter ဂိမ်း အမျိုးအစားတစ်ခုဖြစ်ပြီး ဝင်ငွေလည်းကောင်းတဲ့ဂိမ်းလို့သိရပါတယ်။ ဒါ့အပြင် သူက PC/console ပေါ်မှာထက်စာရင် မိုဘိုင်လ်း ပေါ်မှာပိုပြီးနာမည်ကြီးပါတယ်။ အဓိကက shooter ဂိမ်းအမျိုးအစားဖြစ်နေတာကြောင့်လိုထင်ပါတယ်။ Shooter တွေက mobile မှာကစားရတာသိပ်မလွယ်ဘူးလေ။ ခက်ခက်ခဲခဲနဲ့ ပြိုင်ဆိုင်မှု ပြင်းပြင်းကစားရတဲ့ ဂိမ်းတွေဖြစ်တာကြောင့် Fortnite တို့ PUBG တို့လိုပဲ သူ့ကို လူကြိုက်များကြပါတယ်။

Respawnables ဂိမ်းကစားတဲ့ active player အရေအတွက်ဟာတစ်လကို ၁.၅ မီလီယံ အထိရှိပါတယ်။ အခုဆိုရင်ဂိမ်းထဲမှာလည်း weapons ၄၆၈ ခုနဲ့ အခြား gear အပိုင်းအစတွေကိုရရှိနေပါပြီ။ Reviewတွေကိုကြည့်ရင်လည်း ကြယ် ၅ လုံး review တစ်သန်းကျော်လောက် ရရှိထားတာပါ။ ဘာသာစကားအမျိုးအစားလည်း ၁၂ မျိုးလောက်အထိကိုထောက်ပံ့ပေးထားပါတယ်။

Respawnables ကိုအရင်တုန်းကတော့ Zynga က ထုတ်ထားတာပါ။ နောက်မှ Digital Legends Entertainment က တာဝန်ယူပြီး ပြန်လည် ထုတ်လုပ် လိုက်တာဖြစ်ပါတယ်။ ဂိမ်းထဲမှာ Player တွေ အတွက် စိန်ခေါ်မှုတွေကိုအပြည့်အဝဆောင်ရွက်ဖို့၊ squad မှာပါဝင်ချိတ်ဆက်ဖို့၊ counterattack (သို့) ကိုယ်ပိုင်တိုက်ခိုက်မှုတွေ အတွက် Option တွေရရှိမှာဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုယ့်စိတ်ကြိုက် option ကိုရွေးချယ်ကစားလို့ရပါတယ်။ ဂိမ်းထဲမှာအတူတူကစားမယ့် အဖွဲ့တွေကိုလည်း player ကိုယ်တိုင် စိတ်ကြိုက် join နိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ နည်းဗျူဟာတွေကိုကိုယ်တိုင် ဖန်တီးသွားရမှာပါ။ Player တွေမှာ ပြန်လည် respawn ပြုလုပ်ဖို့ အကြိမ်အရေအတွက် ၁၈ ဘီလီယံကျော် အထိရှိပါတယ်။ အဲ့တော့ အေအေးဆေးဆေးကစားလို့ ရတာပေါ့နော်။

လာမယ့် နွေရာသီမှာလည်း Respawnable ရဲ့ player တွေအတွက် Summer Camp event တစ်ခုကို ပြုလုပ်ပေးမယ်လို့ ကုမ္ပဏီဘက်က ကြေညာပါတယ်။ အဆိုပါ event မှာ player တွေကဆုလာဒ်တွေ နှစ်ဆအထိရရှိဖို့ အခွင့်အရေး ရမှာဖြစ်ပြီးဂိမ်းထဲမှာလည်းနာမည်အကြီးဆုံး item တွေကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်တယ်လိုသိရပါတယ်။ Player တွေအားလုံး တီရှပ် ၁၀ ထည်၊ ဦးထုတ် ၄ လုံး၊ နဲ့ အခြား offer တွေကို ရရှိနိုင်ဖို့ အခွင့်အရေးတွေလည်း ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

Playon ကဘော်ဒါတို့ရေ…. Respawnable ကို ကစားဖူးကြလား…. Shooter သရဲတွေဆိုရင်တော့ သူ့ကိုကောင်းကောင်းကြီးကို သိကြလိမ့်မယ်လို့ မင်မင်ထင်ပါတယ်။ မသိတဲ့သူတွေလည်း စမ်းကစားကြည့်လို့ရပါတယ်နော်။ တော်တော်တော့ ပေါ်ပျူလာဖြစ်တဲ့ ဂိမ်းပါ။

Download link – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password