News

Android အနေနဲ့ ရောက်ရှိလာတဲ့ Lord of Dice

ပြင်းထန်တဲ့ တိုက်ပွဲများအဖြစ် ဆော့ကစားရမယ့် Lord of Dice အမည်ရတဲ့ ဂိမ်းတစ်ခုကို Playon မိတ်ဆွေများ အနေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီလထဲ ထွက်ရှိမယ့်လို့ ကြေညာထားတဲ့ ဂိမ်းဟာ အခုဆိုရင် Android အနေနဲ့ Google Play Store ပေါ်မှာ ရောက်ရှိနေပြီ ဆိုတဲ့ အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

      

RPG ဂိမ်းပုံစံ နဲ့ အတူ board cards ဂိမ်းအဖြစ် ဆော့ကစားရမယ့် Lord of Dice ဂိမ်းဟာ ထင်တာထက်ကို ပိုစောနေတယ်လို့ ဆိုရမှာပါ။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းတစ်ခုလို့ ပြောရမယ့် ဒီဂိမ်းထဲမှာ ဆိုရင် board game အနေနဲ့ ဆော့ကစားရမှာ ဖြစ်ပြီး in game ကတော့ မိမိရဲ့ princess ကို ကယ်တင်ရင်း battle များရင်ဆိုင် ရမှာလည်း ဖြစ်ပါတယ်။

လိုအပ်တဲ့ heroes များကို စုဆောင်းခြင်းနဲ့ အတူ သက်ဆိုင်ရာ အကောင်တစ်ခုချင်းစီအတွက် skills များကို လေ့ကျင့်ပေးရင်း တိုက်ပွဲများမှာ အနိုင်ရယူဖို့အတွက်တော့ ရှိနေမှာပါ။ Single player အနေနဲ့ ဆော့ကစားဖို့ အတွက် ပျင်းရိနေမယ်ဆိုရင် မိတ်ဆွေအတွက် စိန်ခေါ်မှုတွေ ရှိနေမယ့် Real time PVP ပုံစံနဲ့ ဆော့ကစားရင်း Team အနေနဲ့ Battles များ ရင်ဆိုင်ရဖို့ ရှိနေတဲ့အတွက် စိတ်ဝင်စားဖွယ် ဂိမ်းကောင်း တစ်ခုဆိုရင် မမှားပါဘူး။ လက်တွေ့ကျတဲ့ နည်းဗျူဟာများနဲ့ အနိုင်ယူကျော်ဖြတ်ရမယ့် battle များအတွက် မိတ်ဆွေကို လိုအပ်နေပါတယ်။

ဒီဂိမ်းကိုတော့ free to play အနေနဲ့ Google Play ပေါ်မှာ ရယူနိုင်ပါပြီဆိုတဲ့ အကြောင်း Playon မိတ်ဆွေများကို အသိပေးရင်း ကျွန်တော်တို့နဲ့အတူ ရှိနေဖို့ ခေါ်ဖိတ်လိုက်ပါရစေ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: