Mobile Platform ကိုရောက်ရှိနေပြီဖြစ်တဲ့ Reigns: Her Majesty!

ဒီဇင်ဘာ ၇ ရက်နေ့ကမှထွက်ရှိထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Play store, App store နဲ့ Steam တို့ကိုတစ်ပြိုင်နက်ရောက်ရှိလာတာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေက မင်းဆွေမင်းမျိုးထဲက အကြီးအကဲဖြစ်တဲ့ ဘုရင်မ နေရာကဆော့ကစားရမှာဖြစ်ပါတယ်။ ဘုရင်မ ဖြစ်တဲ့အတွက် မင်းဆွေမင်းမျိုးအသိုင်းအဝိုင်း၊ မှူးမတ်တွေ စတာတွေနဲ့ စကားပြော ဆက်ဆံရတော့မှာဖြစ်ပါတယ်။ စကားပြောမှားတာနဲ့ သူတို့တွေက ဂျင်းထည့်မှာဖြစ်တာကြောင့် တော်တော်သတိထားရမှာဖြစ်ပါတယ်။


ဆော့ရမယ့် ပုံစံက ပေးထားတဲ့ စကားလုံးတွေကို ရွေးချယ်ရုံပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ဆုံးဖြတ်ချက်ကိုလိုက်ပြီး ဇာတ်လမ်းကပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းပြောင်းသွားတာက စိတ်ဝင် ဖို့ကောင်းပေမယ့် ဆုံးဖြတ်ချက်က အရမ်းမှားသွားရင်တော့ သေဒဏ်အထိ ပေးခံရမှာပါ။ အဲ့တော့ သူတို့ပြောတဲ့စကားလုံးက ဘာအဓိပ္ပါယ်လဲဆိုတာ သေချာစဉ်းစားပြီးမှ ပြန်ဖြေတာအကောင်းဆုံးပါ။

Playstore မှာတော့ 4,054 နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး App store မှာတော့ $2.99 နဲ့ဝယ်ယူ Download ဆွဲနိုင်မှာဖြစ်ပါတယ်။

Download link – Android

Download link – IOS 

 

 

 

Source : Droidgamers 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password