News

အောက်တိုဘာ ၁၈ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Reigns: Game of Thrones

ကဲကဲ….အခုတစ်ခေါက်မှာတော့ Playon က Thrones ပရိသတ်တွေအတွက် အက်မင် သတင်းကောင်းတစ်ခုယူလာပါပြီနော်။ ဒီသတင်းလေးကိုတော့ အားလုံးပဲစိတ်ဝင်စားကြမှာပါ။ ဒါကြောင့် ဆက်ပြီး ဖတ်သွားပေးကြနော်။

အက်မင်ပြောချင်တဲ့ စိတ်ဝင်စားစရာ သတင်လေးကတော့ Reigns: Game of Thrones ကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကစားလို့ရတော့မယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ Reigns: Game of Thrones က ဆုတွေ အများကြီးရရှိထားတဲ့ HBO TV စီးရီး ရဲ့ ဆက်ခံသူ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Melisandre ရဲ့ ကြောက်ရွံထိတ်လန့်ဖွယ် ဗားရှင်းတစ်ခုဖြစ်ပြီး Iron Throne ကို Cersei Lannister, Jon Snow, Daenerys Targaryen တို့အနေနဲ့ ရယူရမှာပါ။ ဂိမ်းထဲမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေနဲ့ နိုင်ငံ ၇ နိုင်ငံရဲ့ ပြဿနာတွေကို Player က ဖြေရှင်းပေးရမှာပါ။

သူက Westeros မှာအခြေတည်ထားတဲ့ Tinder- Like monarch simulator ဂိမ်းတစ်ခုဖြစ်ပြီး ဂိမ်းထဲမှာ ပြဿနာတစ်ခုအကြောင်းကို ဖော်ပြပေးထားမှာပါ။ Player က အဲ့ဒီ ပြဿနာကို ဖြေရှင်းပေးရမှာပါ။ ဂိမ်းထဲမှာ တွေ့ရမယ့် လုပ်ဆောင်ချက်တွေကလည်း အမြဲတမ်းလိုလို ပြောင်းနေမှာဖြစ်တာကြောင့် အကောင်းအဆိုးအားလုံးက player ရဲ့ action တွေ အပေါ်မှာပဲ မူတည်နေမှာပါ။ ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေကို ညှိပေးရမှာက စိန်ခေါ်မှုပါပဲ။ နမူနာဗီဒီယိုဖိုင်လေးကို အောက်မှာ ကြည့်လို့ရပါတယ်။

ဗီဒီယိုထဲမှာတော့ ဘာကိုမှထွေထွေထူးထူးမပြထားပေမယ့်ဆွဲဆောင်မှုရှိတဲ့ဂိမ်းကောင်းတစ်ခု ဆိုတာကတော့ ကြည့်တာနဲ့ကို သိနိုင်ပါတယ်။ နမူနာ ဗီဒီယိုဖိုင်ကို ကြည့်ပြီးပြီဆိုတော့ ကစားချင်နေတော့မှာပဲ…

အချိန်ကလည်း အောက်တိုဘာလ ၁၈ရက်နေ့မှာ ထွက်မှာဆိုတော့ စောင့်ဖို့ သိပ်ပြီး မလိုတော့ပါဘူးနော်။ အဲ့တာ ကြောင့် အဆင်သင့်လေးဖြစ်နေအောင် အခုချက်ချင်းပဲ ဒီ Link ထဲကို ပြေးပြီး Pre-register လေး လုပ်လိုက်ပါနော်။

Pre-register link – http://nerial.fr/

အဲ့… တစ်ခုပြောဖို့ မေ့ခဲ့တယ်။ Expected ဈေးနှုန်းကတော့ ဒေါ်လာ ၃.၉၉ လောက်ရှိပါတယ်နော်။ 😃)

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: