News

Closed Beta အတွက် Register လုပ်လို့ရနေပြီဖြစ်တဲ့ Payday Crime War 

မကြာခင် Mobile Platform ကိုရောက်ရှိလာတော့မယ့် First-person shooter ဂိမ်းအမျိုးအစား “Payday Crime War” ကိုလက်ရှိမှာ Closed Beta အတွက် Register ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။ Closed Beta ဆိုတာကတော့ Alpha testing မှာတွေ့မြင်ခဲ့ရတဲ့ Bug တွေအားလုံးကို ပြုပြင်ထားပြီးတဲ့အဆင့်တစ်ခုဖြစ်သလို Final version ရောက်ဖို့လိုနေသေးတဲ့ အဆင့်တစ်ခုလည်းဖြစ်ပါတယ်။

Payday Crime War ကတော့ တစ်ဖက်ကို ၄ ယောက်စီကစားရမယ့် PvP shooting ဂိမ်းအမျိုးအစားပါ။ Heist လို့ခေါ်တဲ့ ဓားပြနေရာ (သို့) ဓားပြတွေကိုလိုက်လံတားဆီးရမယ့် Cops ဆိုတဲ့ ရဲနေရာကနေ ကစားနိုင်မှာဖြစ်ပါတယ်။ ယေဘုယျခြုံကြည့်ရင်တော့ ကျွန်တော်တို့ လက်ရှိမှာ စွဲစွဲလန်းလန်းဆော့ကစားနေတဲ့ PC ပေါ်က CSGO လိုလိုပါပဲ။ Heist တွေဟာ မီးခံသေတ္တာတွေကိုလိုက်ဖောက်ပြီး Cops တွေဟာတော့ Heist တွေမဖောက်နိုင်အောင်လိုက်လံတားဆီးရမှာပါ။ ပွဲအတွက်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မီးခံသေတ္တာတွေ ဘယ်လောက် ဖောက်နိုင်/ ကာကွယ်နိုင်လဲအပေါ်မှာ Point တွေသတ်မှတ်သွားမှာဖြစ်ပြီး အနိုင်/အရှုံးဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။ (ဒါတွေကတော့ Gameplay video အရပြောတာပါ၊ ဖော်ပြသူကတော့ Register လုပ်ပြီး invite ကိုစောင့်နေဆဲပါ 🤣)

Mobile version ဆိုပေမယ့် First-person shooter ဂိမ်းအမျိုးအစား Fan ဖြစ်တဲ့ ကျွန်တော်ကြည့်ရသလောက်တော့ အပြစ်ပြောစရာသိပ်မတွေ့ပါဘူး။ Map တွေကလည်း မရိုးနေသလို၊ Graphics ပိုင်းကလည်း အသက်ဝင်တဲ့ပုံစံမျိုးကြောင့် တော်တော်လေးအဆင်ပြေတဲ့ အနေအထားတစ်ခုလို့ ဆိုချင်ပါတယ်။

Official release date ကိုကြေညာထားတာမျိုးမရှိသေးပေမယ့် Closed Beta အဆင့်ဆိုတော့ သိပ်မလိုတော့ဘူးလို့တော့ မျှော်လင့်ရပါတယ်။ အခုထဲက ဆော့ကြည့်ချင်နေပြီဆိုရင်တော့ ဒီလင့်ခ်ကနေ တဆင့် Register လုပ်နိုင်ပါပြီ။ Register လုပ်ပြီးရင်တော့ ဟိုဘက်က invite လုပ်တာကိုစောင့်နေရုံပါပဲ ခင်ဗျာ။

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password