NewsReviews

Android နဲ့ iOS ပေါ်မှာ ရောက်ရှိနေပြီဖြစ်တဲ့ “RedDead Redemption 2: Companion”

အောက်တိုဘာ ၂၆ ရက်နေ့မှာ Rockstar Games မှ Companion app တစ်ခုဖြစ်တဲ့ “Red Dead Redemption 2: Companion” ကို ထုတ်ခဲ့ပါတယ်။  iOS နဲ့ Android ပေါ်ကို Companion app အနေနဲ့ တစ်ရက်တည်းမှာပဲ ရောက်ရှိခဲ့ပါတယ်။ ဂိမ်းကတော့ ကစားရတာ အရမ်းမိုက်ပြီး တကယ့် အပြင်မှာ လူကိုယ်တိုင် ကစားနေရသလို ခံစားမိစေမယ့် Real-time strategy ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဖော်ပြပေးမှာက ဂိမ်းအကြောင်း မဟုတ်ပါဘူး။ သူ့ရဲ့ ရဲဘော်ရဲဘက် app တစ်ခုဖြစ်တဲ့ Companion app အကြောင်း ဖြစ်ပါတယ်။

Companion app ဆိုတာကတော့ သင့်ရဲ့ PlayStation4 နဲ့ Xbox One ကို တိုက်ရိုက် ဆက်သွယ်ပေးမယ့် app တစ်ခု ဖြစ်ပါတယ်။ သူလုပ်ဆောင်ပေးမယ့် အဓိက တာဝန်တွေကတော့ zoom function တွေနဲ့ real-time interactive map ကို အသုံးပြုနိုင်ခြင်း၊ full game manual နဲ့ ကြီးမားကျယ်ပြန့်ပြီး ဗျူဟာမြောက်တဲ့ guide တွေကို ပြသပေးနိုင်ခြင်း စတာတွေအပြင် အခြား Game journal၊ Catalogue၊ Social class feed နဲ့ Process တို့ကိုပါ ဆောင်ရွက်နိုင်ပါတယ်။ တစ်ခု သတိထားဖို့လိုတာက Companion app ကို သုံးမယ်ဆိုရင် သင့်ရဲ့ PlayStation 4၊ Xbox One တို့ ဆီမှာ Red Dead Redemption 2 ကစားထားတဲ့ username , password လေးနဲ့ log in ပြန်ဝင်ပေးဖို့တော့ လိုပါတယ်နော်။ အခု မိတ်ဆက်ပေးမယ့် companion app ထဲမှာ player တွေက world map ကို ကြည့်နိုင်မှာဖြစ်ပြီး သူတို့ စိတ်ဝင်စားတဲ့ နေရာတွေကို အမှတ်အသား ပြုလုပ်နိုင်မယ်လို့ Rocker Games website မှာဖော်ပြထားပါတယ်။

Red Dead Redemption 2 ဂိမ်းက PlayStation 4 နဲ့ Xbox One တို့မှာ အောက်တိုဘာလ၂၆ ရက် သောကြာနေ့တုန်းကရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ တူညီတဲ့ နေ့မှာပဲ သူ့ရဲ့ companion app ကို App Store နဲ့ Google Play တို့ ပေါ်ကိုတင်ခဲ့တာပါ။ PlayStation 4 နဲ့ Xbox One တို့  ရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာကြည့်သွားနိုင်ပါတယ်။

Wow Wow Wow… Graphic တွေ ရုပ်ထွက်တွေကတော့ ကြွရွပြီးအရမ်း မိုက်တယ်နော်… Trailer လေးကြည့်ရတာနဲ့တင်တကယ့်ကို တန်နေပါပြီ… 😂)

ဘယ်လိုလဲ ??? Trailer ကို ကြည့်ပြီး အက်မင်လို ကစားချင်စိတ်တွေတဖွားဖွားပေါ်လာတဲ့ဘော်ဘော်လေးတွေရောရှိကြလား ????

ကစားချင်ရင်တော့ Play Station နဲ့ Xbox ရှိမှ ကစားလို့ရမှာပါနော်… မိုဘိုင်းလ် နဲ့ ဆိုရင်တော့ သူ့ရဲ့ companion app ကိုပဲ သုံးလို့ ရမှာပါ။

Red Dead Redemption 2: Companion app က App Store နဲ့ Play Store တို့ပေါ်ကို ရောက်ရှိနေပြီးတာမှန်ပေမယ့် သူ့နာမည်ကို အပြည့်အစုံရိုက်ချပြီး ရှာဖွေရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုရင်တော့ သူ့ရဲ့ နာမည်က အတိုကောက် “RDR2 : Companion” နာမည်နဲ့ တည်ရှိနေလို့ ဖြစ်ပါတယ်။ အဲ့တာကြောင့် Playon က ဘော်ဒါတို့ ဒီဂိမ်းလေးအတွက် Companion app အသုံးပြုချင်တယ်ဆိုရင်တော့ “RDR2 : Companion ” ဆိုပြီးရှာမှ တွေ့မှာပါနော်။

ဒီ Companion app မှာ အံ့သြစရာတစ်ခုရှိပါတယ်။ အဲ့တာကတော့ file အရွယ်အစား အရမ်းကြီး မများတာပါ။ Android မှာ 193MB နဲ့ iOS မှာ 211.7MB ပဲရှိပါတယ်။ App purchase ဈေးနှုန်းတွေကတော့ full strategy guide အတွက် ဒေါ်လာ ၉.၉၉ ကျသင့်မှာပါ။ Physical version ကတော့ပိုပြီး ဈေးများတယ်လို့ သိရပါတယ်။ စတင် download လုပ်ယူခကတော့ အခမဲ့ပါ။ Free download လုပ်နိုင်ပါတယ်။

ဒီဂိမ်းလေးက စတင်ထွက်ရှိလာတကတည်းက gamer တွေကြားမှာ အရမ်းရေပမ်းစားလာတာကြောင့်သူ့ရဲ့ မိုလ်ဘိုင်း နဲ့တွဲဖက် အသုံးပြုနိုင်မယ့် Companion app ကိုလည်း Playon က ဘော်ဒါတို့တွေလည်း အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ဘယ်လိုလဲ??? သုံး ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား ??? ဘော်ဘော် တို့ရေ…

Download – Android / iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password