
Red Siren: Space Defense ဆိုတဲ့ ဂိမ်းကတော့ ပြီးခဲ့တဲ့ရက်ကပဲ Android နဲ့ iOS Platform တွေဆီကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဂိမ်းကတော့ အနာဂတ် ၂၁၃၈ ခုနှစ်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ ၂၁၃၈ ခုနှစ်ရောက်တော့ ကမ္ဘာကြီးမှာ ကုန်ကြမ်း Material resources တွေအားလုံးပြောင်သွားပြီး စစ်တွေဖြစ်နေတဲ့ပုံစံမျိုးဖန်တီးထားတာပါ။ (အဲ့လို တကယ်ဖြစ်မလာဘူးလို့ ပြောလို့မရဘူးနော် 😂)
ကမ္ဘာကြီးမှာ Material resources တွေပြောင်စင်သွားပြီဖြစ်တဲ့အတွက် လူသားအဖွဲ့အစည်းတွေဟာ Resources တွေကျန်ရှိနေတဲ့ အခြား ဂြိုလ်တွေကို ကျူးကျော်တိုက်ခိုက်မှုတွေစတင်ပြုလုပ်ပါတော့တယ်။ အဲ့ဒါကြောင့် Exacorp ကြီးဟာ Red Siren ဆိုတဲ့အဖွဲ့ကို ဖန်တီးပြီး ကျူးကျော်သူတွေကို စတင်နှိမ်နှင်းမှုတွေပြုလုပ်တာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေက ကမ္ဘာပေါ်က ကျူးကျော်သူလူသားတွေဘက်ကဝင်ရောက်ဆော့ကစားရမှာမဟုတ်ပဲ ကျူးကျော်မှုကို နှိမ်နှင်းတဲ့ Red Siren ဘက်ကနေ ကစားရမှာဖြစ်ပါတယ်။
လာရောက်ကျူးကျော်တဲ့ Tank ကားတွေ၊ စစ်လေယာဉ်တွေကို ပေးထားတဲ့ Spaceship တစ်ခုနဲ့ လိုက်လံဖျက်ဆီးရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့ Mission ကကျူးကျော်လာသမျှကို Spaceship နဲ့လိုက်ပြီး တိုက်ခိုက်ရုံပဲမလို့ ရိုးရှင်းတဲ့ gameplay တစ်ခုလို့ဆိုရမှာပါ။ Gameplay ပုံစံကြောင့် အနည်းငယ် ပျင်းသွားနိုင်ပေမယ့် Graphics၊ လှုပ်ရှားမှုအပိုင်းတွေက Player ကို ပြန်ပြီးစွဲဆောင်ထားတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ကျွန်တော်ဆိုရင် ဒီဂိမ်းကို စဆော့တုန်းက နည်းနည်းပျင်းသလိုရှိပေမယ့် Spaceship ကြီးကို ပျံနေရတာကိုက Feeling တစ်ခုဖြစ်လာပြီး အခုဆိုရင် နည်းနည်းလေးစွဲနေပါပြီ။ Spaceship ကြီးတွေ သူချကိုယ်ချ တိုက်ခိုက်တာကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဂိမ်းကမိတ်ဆွေအတွက်ပါပဲ။ ထွက်ထားတာမကြာသေးတဲ့အတွက် rating ကတော့ မလုံလောက်တဲ့အနေအထားမှာပဲရှိပါသေးတယ်။ Free to play ပါ။