News

Mobile ပေါ်မှာ MMORPG ရဲ့ epic အရသာစစ်စစ်ကိုပေးစွမ်းနိုင်မယ့် RebirthM

RebirthM အတွက် screenshoot တွေကို ကြည့်ခြင်းဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က လူတိုင်းလူတိုင်း ကစားနိုင်ဖို့ မျှော်မှန်းထားတဲ့ mobile ဂိမ်းကNokiaရဲ့Snakeဖြစ်ခဲ့တယ်ဆိုတာကိုယုံကြည်နိုင်ဖို့တောင် တော်တော် ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆယ်နှစ် အတွင်း mobile gaming လောက တော်တော်လေး ကို ပြောင်း လဲ တိုးတတ်လာလို့ပါ။အရင်က ဆို PC မရှိရင် Graphic လန်းတဲ့ဂိမ်းကိုမဆော့နိုင်ပါဘူး။ဂိမ်းဆိုင်ပဲ ပြေးကစားကြရတာပါ။

အခု မိတ်ဆက်ပေးမယ့် RebirthM မိုလ်ဘိုင်း ဗားရှင်းက ၂၀၀၈ခုနှစ်မှာ ဖန်တီးခဲ့တဲ့ PC နဲ့ console ဂိမ်းတွေအများစုထက်ပိုပြီး ကောင်းပါတယ်။ RebirthM ကို အခုလ နောက်ပိုင်း မှ ထွက်ရှိဖို့ ရာထားပေမယ့် သူ့ရဲ့ screenshot တွေ၊ ပေါက်ကြားဗီဒီယိုဖိုင်တွေ ၊ လှပတဲ့ visual တွေနဲ့ ခန့်ညားတဲ့ graphic ဒီဇိုင်းတွေနှင့် ကြီးမားပြီး စိတ်ကူးဉာဏ်ကောင်းတဲ့ ဇာတ်ကောင်တွေက gamer တွေကို မထွက်ခင် ကတည်းက ဆွဲဆောင်မှု အပြည့်ပေးနေပါတယ်။

ဂိမ်း ဖြစ်တည်မယ့်နေရာက နဂါးတွေ၊ပင့်ကူကြီးတွေ နဲ့ ကျားကြီးတွေ နဲ့ ပြည့်နေတဲ့ ကျယ်ပြန့်တဲ့ open world ထဲမှာ ဖြစ်ပါတယ်။MMORPG ဖြစ်တာကြောင့် ပြင်း ထန်တဲ့ အဆုံး မဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ရမှာပါ။ Single player campaingn တွေသာမက multiplayer ပါ ဆော့ကစားနိုင်မယ့် ဂိမ်းကောင်းတစ်ခုဖြစ်ပြီး အခြား player တွေနဲ့ စိန်ခေါ်ကစားနိုင်မယ့် PvP mode ပါပါဝင်တာကြောင့် competitive ဂိမ်းတစ်ခုဆိုတာ လုံးဝကို သေချာပါတယ်။

နောက်ဆုံးအနေနဲ့ ပြောစရာ သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခုရှိပါတယ်။ သတင်းဆိုးက အခု အချိန်မှာ RibirthM ကို download လုပ်လို့မရသေးပါဘူး။ သတင်းကောင်းကတော့ အခုလ အကုန်လောက်မှာ Google Play နဲ့ App Store တို့မှာ download လုပ်လို့ ရနိုင်တော့မယ်ဆိုတဲ့ သတင်းပါ။ သိပ်အများကြီး စောင့်ဖို့ မလို တော့ဘူးဆိုတော့ ဒါလည်း သတင်းကောင်းတစ်ခုလို့ ယူဆရမှာပေါ့နော်။ဟဲဟဲ…:D:D:D

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password