ArticleNews

ဒီဇင်ဘာ ၆ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Rebel Inc.

Rebel Inc. က PC ပေါ်မှာ နာမည်ကြီးတဲ့ Plague Inc ကို ဖန်တီးခဲ့တဲ့ Ndemic Creations က ဖန်တီးထားတာပါ။ Ndemic Creations က Rebel Inc ကို ဘယ်လိုထူးခြားပြောင်မြောက်မှုတွေနဲ့ ဖန်တီးထားတယ်ဆိုတာ ကို မသိချင်ကြဘူးလား။ သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ပေးသွားကြပါနော်။

PC ဂိမ်းဒီဇိုင်းကို မိုဘိုင်းလ်ဗားရှင်းနဲ့ ကစားရမယ်ဆိုတော့ လုံးဝကို စိတ်ဝင်စားစရာကောင်းမှာပါ။ Plague Inc ကလည်း player အရေအတွက် သန်း ၁ဝဝ ကျော် နဲ့ ငွေပေးဝယ်ရတဲ့ ဂိမ်းတွေထဲမှာ တကယ်ကို နာမည်ကြီးပါတယ်။ Rebel Inc က Plague Inc ရဲ့ နောက်ထပ်ထွက် ဂိမ်းတစ်ခုဖြစ်တာကြောင့် player က ဂိမ်းထဲမှာ စစ်ပွဲတွေနဲ့ မငြိမ်မသက် ဖြစ်နေတဲ့ မြို့က မြို့သူမြို့သားတွေရဲ့ လိုအပ်ချက်တွေကို ညှိနှိုင်းပေးပြီး ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းလာပေးရမှာပါ။

ဂိမ်းထဲက ကစားကွက်တိုင်းက player ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတာပါ။ ဂိမ်းထဲမှာ Al နည်းစနစ်ကို အသုံးပြုထားတာကြောင့် မြင်ရတွေ့ရမှာတွေအားလုံးက ဆွဲဆောင်မှုရှိနေမှာပါ။ သူ့ထဲမှာ governor ၆ ယောက်ပါဝင်မှာဖြစ်ပြီး အဲ့ဒီ governor ၆ ယောက်ထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ governor ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Governor တစ်ယောက်ချင်းစီမှာ သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ မတူညီမှုတွေရှိနေတာကြောင့် ကွဲပြားတဲ့ အတွေ့အကြုံကို ခံစားရရှိမှာပါ။

Rebel Inc ထဲမှာ လုံးဝကို လန်းတဲ့ graphic နဲ့ ပညာသားပါတဲ့ gameplay က စောင့်နေမှာပါ။ အကယ်၍ သင်ကအဆောက်အဦးတွေဆောက်ရတာတို့၊ မြို့သူမြို့သားတွေကို အုပ်ချုပ်ရတာတို့၊ မြို့သစ်တည်ထောင်ရတာတို့ စတဲ့ ပုံစံတွေကို ကစားရတာကို နှစ်သက်ရင်တော့ ဒီဂိမ်း ကို ရွေးချယ်သင့်ပါတယ်။

ဒါပေမယ့် ငွေပေးပြီး ဝယ်ရမှာဖြစ်တာကြောင့် ကိုယ့်အကြိုက်နဲ့ ကိုက်မကိုက်ကို မကစားခင် သေချာ ဆုံးဖြတ်စေချင်ပါတယ်နော်။ (ဝယ်ပြီးမှ ပျင်းစရာကြီး ဘာညာဆို ဘယ်ကောင်းပါ့မလဲနော် :3)

Rebel Inc ကို လာမယ့် ဒီဇင်ဘာ ၆ရက်နေ့မှာ မိုလ်ဘိုင်း ပေါ်မှာ စတင်မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။ သူ့ကို ဝယ်ချင်ရင် ခန့်မှန်းချေဒေါ်လာ ၁.၉၉ ခန့်ပေးဝယ်ရမှာပါ။ Expected date ကိုတော့ ဒီဇင်ဘာ ၆ ရက်နေ့လို့ မှန်းထားကြပါတယ်။ ခုချိန်မှာတော့ iOS အတွက် pre-register ဖွင့်ပေးထားပါပြီ။

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password