News

3D ရုပ်ထွက်မှု ပုံစံနဲ့ ပြန်တွေ့ရှိဖို့ ရှိနေတဲ့ Soccer Revolution 2018

FIFPro နဲ့ အတူ ပူးပေါင်းပြီး ထွက်ရှိလာမယ့် Soccer Revolution 2018 ကတော့ ဘောလုံး အားကစားကို ဝါသနာပါ နှစ်သက်တဲ့ သူတွေအတွက် သတင်းကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပီပြင်တဲ့ gameplay များသာမက ကစားသမားများရဲ့ လှုပ်ရှားမှု တစ်ခုစီတိုင်းကိုလည်း မှတ်တမ်းတင် ထည့်သွင်းထားတယ်လို့ ဖော်ပြထားတဲ့ အတွက်ကြောင့် တစ်ခြားအရင်က ထွက်ရှိထားတဲ့ အရာတွေနဲ့ မတူကွဲပြားမှု ရှိနေမှာပါ။

Real Madrid ဘောလုံးအသင်းမှ တရားဝင် ခွင့်ပြုချက်ရရှိထားတဲ့ အပြင် တစ်ခြားကစားသမားများ ၂၀၀၀ ကျော်လည်းပါဝင်မှာ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ ကစားသမား မြောက်များစွာ ကြားထဲကနေ သင်လည်းဘဲ ကိုယ်ပိုင် ကစားကွက်၊ နည်းစနစ်များနဲ့ အောင်မြင်တဲ့ နည်းပြတစ်ယောက် အဖြစ်သို့ ဖော်ဆောင်ရမှာဘဲ ဖြစ်ပါတယ်။

Android နဲ့ IOS platform နှစ်ခုလုံးမှာ ထွက်ရှိလာမှာ ဖြစ်ပြီး လတ်တလောမှာကတော့ Pre- register အနေနဲ့ google play store မှာရောက်ရှိနေတဲ့ အတွက် မိတ်ဆွေ အနေနဲ့ လက်မလွတ်သင့်တဲ့ ဂိမ်းကောင်းတစ်ခုကို ညွန်းလိုက်ပါရစေ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: