တကယ့်လက်တွေ့ဘဝမှာအမှန်အကန်သေနတ်ပစ်ချင်သူများအတွက် Real Strike – 3D AR FPS App!

Counter Strike ဂိမ်းပုံစံကို မှ 3D Augmented Reality(AR) Technology နဲ့ပေါင်းစပ်ထားတာကြောင့် အလန်းစားဖြစ်မှာတော့အသေအချာပါပဲ။ 2012 April မှာထွက်ရှိထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အဲ့တော့ အခုတလောမှ ခေတ်စားလာတဲ့ Augmented Reality(AR) Techology ကြီးကအဲ့ဒီအချိန်ထဲက ရှိနေပါတယ်။ ကျွန်တော်တို့ သတိမထားခဲ့မိလို့မသိတာလည်းဖြစ်နိုင်ပါတယ်။ ဒီဂိမ်းက AR Techology ပါဝင်တာကြောင့် ထိုင်ပြီးဆော့နေလို့တော့ရမှာမဟုတ်ပါဘူး။ Counter Strike လိုပုံစံနဲ့သေနတ်ကိုင်ပြီးလိုက်ပစ်ရမှာပါ။ ဘာတွေပစ်ရမလဲဆိုတာတော့ ဒီဂိမ်းမှာ Mission လေးတွေအနေနဲ့ပေးထားပါတယ်။


သောင်းကျန်းနေတဲ့သေးငယ်တဲ့သတ္တဝါလေးတွေကိုသေနတ်နဲ့လိုက်ပြီးပစ်သတ်နေရမှာဖြစ်ပါတယ်။ ဘယ်မှာရှိလဲဆိုတာကတော့ In-game ရဲ့ 3D World ထဲကို Scan ဖတ်ပြီးသိနိုင်မှာဖြစ်ပါတယ်။GPS ဖွင့်ဆော့ရမဲ့ဂိမ်းဖြစ်တာကြောင့် 3D World မှာ Scan ဖတ်ပြီးရင်တည်နေရာက တကယ့် Map မှာလည်းပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီ Map ကိုသွားပြီး အဲ့ဒီသတ္တဝါအသေးလေးကိုလိုက်ပစ်ရုံပါပဲ။ သတ္တဝါလေးကိုလိုက်မပစ်ချင်ရင်လည်းလမ်းမှာတွေ့တဲ့လူကိုလိုက်ပစ်နိုင်ပါတယ်။ In-game ထဲကသေနတ်နဲ့ပစ်ခိုင်းတာပါ။ တကယ့်သေနတ်နဲ့ပစ်ခိုင်းတာမဟုတ်ပါဘူး။ In-game ထဲကသေနတ်နဲ့ပစ်တာကြောင့်အပစ်ခံရတဲ့လူကဘာမှထိခိုက်မှာမဟုတ်ပါဘူး။ ဒီတိုင်း Head Shot တို့ Leg Shot တို့ Ass Shot တို့ချိန်ပစ်ပြီး တစ်ယောက်တည်း (သို့) သူငယ်ချင်းတွေနဲ့ ခွီနိုင်ပါပြီ။ Counter Strike ဂိမ်းကိုကြိုက်တယ်ဆိုရင်ဒီဂိမ်းကိုကြိုက်လောက်မှာပါ။ Counter Strike နဲ့ ဆင်တာပါ၊ မတူပါဘူး။ Counter Strike က PvP(Player Versus Player) ဂိမ်းဖြစ်ပြီး Real Strike ကကျတော့ AR Technology နဲ့ပြုလုပ်ထားပြီး ထိုင်ဆော့လို့မရတဲ့ Mobile ဂိမ်းဖြစ်တာကြောင့် ဂိမ်း 2 ခုရဲ့ရည်ရွယ်ချက်လည်းမတူညီပါဘူး။

 

                              

Pistol , Shot Gun , Sub Machine Gun (SMG) , Rifle ,  Sniper , Light Machine Gun (LMG) စတဲ့သေနတ်အမျိုးအစားအပြင်လက်နက်ပေါင်း 25 မျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ မိတ်ဆွေသူများတွေကိုသေနတ်နဲ့လျှောက်ပစ်ထားတဲ့ Video ကိုလည်း Record လုပ်နိုင်ပါသေးတယ်။ Record လုပ်ပြီးရင်တော့ Social Media ပေါ်မှာ Share နိုင်ပါပြီ။ ဒီဂိမ်းက မိမိပစ်ရမဲ့ Target ကို မိမိကိုယ်တိုင်သွားမှပစ်နိုင်ကြောင့်ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ဖြစ်တဲ့ ဂိမ်းလဲဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဆွေဒီအတိုင်းကြည့်ပြီးပစ်ရတာရိုးလွန်း တယ်လို့ထင်ရင် Vision အမျိုးမျိုးပြောင်းပြီးပစ်နိုင်ပါသေးတယ်။ Night Vision, Thermal Vision, Tactical Flash Light စတဲ့ Vision အမျိုးမျိုးပြောင်းပစ်နိုင်ပါတယ်။

Free To Play ဂိမ်းလေးပါ။ Free To Play က Android မှာပါပဲ။ IOS Platform မှာတော့ Dollar 0.99 ဖြင့် Download နိုင်ပါတယ်။ IOS ဘော်ဘော်တွေအတွက်တော့စိတ်မကောင်းပါဘူး။ ဒီဂိမ်းမှာ AR Techology ပထမဆုံးစပါလာတာကြောင့် Father Of AR Technology Game လို့ပြောရင်လည်းမမှားပါဘူး။ 3D သေနတ်တွေနဲ့တွေ့တဲ့လူတွေကိုလိုက်ပစ်နိုင်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ဖြစ်တဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအား သတင်းပေးပါရစေ။

 

 

Source: Real Strike – 3D AR FPS App – Android Apps on Google Play

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password