ကားပြိုင်ရတာကိုကြိုက်နှစ်သက်ကြတဲ့ Mobile Player များအတွက် Real Racing 3!

TabbyAwards 2014 ဆုကို အကောင်းဆုံး Action, Adventure, Arcade နဲ့ Racing အနေနဲ့ရရှိထားတဲ့ ဂိမ်းဖြစ်ကြောင်းဦးစွာပြောပါရစေ။ ဒါ့အပြင် Mobile Excellence Awards ဆုကိုလည်း 2013 မှာ Best Mobile Game 2013 အနေနဲ့ရရှိထားတာဖြစ်ပါတယ်။ ဆုတွေရထားတဲ့ အကြောင်းပြောတာမိတ်ဆွေကို Real Racing 3 ဘက်ကနေပြီးတော့ကြွားတာမဟုတ်ပါဘူး။ သိစေချင်တာ နဲ့ ဘယ်လောက်ကောင်းမဲ့ ဂိမ်းဖြစ်ကြောင်း ပြောချင်တာပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ Real Racing ဆိုတဲ့အတိုင်း တကယ်ကားပြိုင်နေရသလိုခံစားမှုမျိုးပေးမှာပါ။

ဒီဂိမ်းရဲ့ပြိုင်ပွဲတစ်ပွဲမှာ တစ်ခါပြိုင်ရင်ကား 8 စီးပါဝင်မှာပါ။ Online ဖွင့်ပြီး Global ကလူတွေနဲ့ပြိုင်နိုင်သလို မိတ်ဆွေရဲ့သူငယ်ချင်းနဲ့လည်း Multiplayer ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် မိတ်ဆွေတစ်ယောက်တည်းရှိတဲ့အချိန်တွေမှာလည်း AI လေးတွေနဲ့လည်းပြိုင်နိုင်ပါတယ်။ စစချင်းမှာတော့ ဘယ်သူ့နဲ့မှပြိုင်ရသေးမှာမဟုတ်ပါဘူး။ တစ်ယောက်တည်းလမ်းကြောင်းတွေမှာ မောင်းနေရတဲ့ Event နှစ်ခုမှာအရင် ဆော့ရမှာဖြစ်ပါတယ်။ အဲ့ဒါမအောင်ရင် မိတ်ဆွေကိုဘယ်သူနဲ့မှပေးပြိုင်မှာမဟုတ်ပါဘူး။  ဒီဂိမ်းမှာမိတ်ဆွေကားပြိုင်တဲ့နေရာ 17 နေရာတွေ့ရမှာပါ။ အဲ့ဒီ 17 နေရာက အပြင်မှာတကယ်ရှိတဲ့ ကားပြိုင်ကွင်းတွေပဲဖြစ်ပါတယ်။ License ရထားပြီးပြီဖြစ်လို့ No Problem ပါပဲ။ ဒီဂိမ်းရဲ့ပြိုင်ပွဲမှာမိတ်ဆွေ 1 to 8 ကနေအဆင့်ဘယ်လောက်ပဲဖြစ်ဖြစ် ပိုက်ဆံကတော့ ရမှာပါပဲ။ နည်းနည်းရတာနဲ့များများရတာပဲကွာတာပါ။ 1 ရရင်တော့ပိုက်ဆံအများကြီးရမှာဖြစ်ပြီး 8 ဆိုရင်တော့ပိုက်ဆံအနည်းအငယ်ပဲရမှာဖြစ်ပါတယ်။

                           

ဒါ့အပြင် မိတ်ဆွေရဲ့ကားကို ကိုယ်တိုင်စိတ်ကြိုက် Design ပြောင်းနိုင်ပါတယ်။ ကားရဲ့ အရောင်၊ ကားဘီးပုံစံ၊ စတာတွေပါ။ ပြိုင်ပွဲတစ်ပွဲပြီးရင် မိတ်ဆွေကမိမိရဲ့ကားကို Service ဆီပို့ပြီးလိုတာတွေဖြည့်ခိုင်းနိုင်ပါတယ်။ အချိန်အနည်းငယ်တော့စောင့်ရမှာပါ။ Service ဆီမပို့ရင် ကိစ္စတော့မရှိပေမဲ့ ကြာလာရင်မကောင်းပါဘူး။ ပြီးတော့ မိမိကားကို upgrade လည်းလုပ်နိုင်ပါသေးတယ်။ ကားရဲ့ Engine, Speed, Break စတာတွေပါ။ ကယ် မိတ်ဆွေကမိမိကားကိုစိတ်တိုင်းကျ Design တွေလုပ်ပြီးပြီဆိုရင်တော့ အဲ့ဒီက Camera ပုံလေးကိုနှိပ်ပြီး Social Media ပေါ်မှာကြွားနိုင်ပါတယ်။အကယ်၍မိတ်ဆွေကပြိုင်ပွဲမှာ 1st ရခဲ့ရင်လည်း Social Media မှာကြွားနိုင်ပါသေးတယ်။

ဒီဂိမ်းမှာမိတ်ဆွေက အနောက်မှန်တွေ၊ ဘေးမှန်တွေပါတာကိုတွေ့ရမှာပါ။ ပြီးတော့ တကယ့်ပြိုင်ကားကိုမောင်းနေရတဲ့ခံစားမှုမျိုးပေးတာကြောင့် Graphic ပိုင်းကတော့ ပြောစရာကိုမလိုတာပါ။ ဒါ့အပြင် ကားတစ်စီးကထွက်တဲ့ Engine အသံကိုလည်း သေသေချာချာကြားနေရအောင်  Sound System နဲ့သေချာပံ့ပိုးထားတာကိုတွေ့ရမှာပါ။ မိတ်ဆွေတစ်ခုသတိထားစရာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ဒီဂိမ်းကို အရမ်းမြင့်တဲ့ Visual quality နဲ့ဖန်တီးထားတာကြောင့် အနည်းဆုံး မိတ်ဆွေဖုန်းက 1.5GB နေရာအလွတ်ရှိမှဆော့နိုင်မှာဖြစ်ပါတယ်။ ကားပြိုင်ရတာကြိုက်တဲ့လူတွေ၊ ကားအလှလေးတွေကြိုက်တဲ့ လူတွေအတွက် အံကိုက်ဖြစ်မယ့်ဂိမ်းလေးဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တဲ့အပြင် Graphic ပိုင်းရော Sound System ပိုင်းရောပြောစရာမရှိတဲ့ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားသတင်းပေးပါရစေ။

 

Image Source :

https://play.google.com/store/apps/details?id=com.ea.games.r3_na&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password