ရုပ်လုံးပိုပေါ်လာတဲ့ Razer ရဲ့ Gaming Smartphone

Gamer တွေအတွက်ရည်ရွယ်တဲ့ Gaming Peripheral တွေထုတ်လုပ်တဲ့ နာမည်ကျော် Razer ကုမ္ပဏီဟာ သူ့ရဲ့ကိုယ်ပိုင် Smartphone ထုတ်လုပ်မယ်ဆိုတဲ့သတင်းထွက်ပေါ်နေတာ လအနည်းငယ်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက Razer Mobile ရဲ့ SVP/GM ဖြစ်တဲ့ Tom Moss ရဲ့ Twitter စာမျက်နှာမှာ တင်လိုက်တဲ့ဓာတ်ပုံကြောင့် ဒီ Razer Smartphone ကိစ္စက လူတွေရဲ့ပါးစပ်ဖျားပေါ် တစ်ဖန်ပြန်ပြီး ရောက်ရှိလာပါတယ်။


အဲဒီဓာတ်ပုံမှာ Razer ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Min Liang Tan ရဲ့ ဘောင်းဘီအိပ်ထောင်ထဲက Razer Logo နဲ့ ပစ္စည်းကို သတင်းထွက်နေတဲ့ Razer Smartphone လို့ ယူဆနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီလိုယူဆရတာကလည်း အကြောင်းအရင်းရှိပါတယ်။ Razer က ဒီနှစ်အစောပိုင်းတုန်းက Kickstarter က Robin Smartphone ကိုထုတ်လုပ်ခဲ့တဲ့ Nextbit ကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလတုန်းက CNBC နဲ့ပြုလုပ်ခဲ့တဲ့ Interview မှာ CEO Min Liang Tan က Mobile Gamer တွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်မယ့် Smart- phone အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ Razer ကုမ္ပဏီရဲ့ Customer တွေထဲမှာ Mobile Gaming Market နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ အမြောက်အမြားရှိတာကြောင့် ဒီ Project ကို အကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်တယ်လို့ Min Liang Tan ကပြောကြားခဲ့ပါတယ်။ သူကတော့ ဒီ Smartphone ကို ဒီနှစ်မကုန်ခင်မှာ ဖြန့်ချိနိုင်ဖို့ မျှော်လင့်ထားပါတယ်လို့လည်း ထပ်ဆောင်းပြောကြားခဲ့ပါသေးတယ်။

အရင်တုန်းကလည်း Nokia ရဲ့ N-Gage နဲ့ Sony ရဲ့ Xperia Play တို့လို Gaming Phone တွေ ထွက်ရှိခဲ့ဖူးပေမယ့် ထင်ထားသလောက် အောင်မြင်မှုမရရှိခဲ့ကြပါဘူး။ ဒါကြောင့်လည်း Gaming Peripheral Market ရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Razer က သူ့ရဲ့ Smartphone ကို ဘယ်လို Feature အသစ်အဆန်းတွေနဲ့ ပွဲထုတ်လာမလဲဆိုတာကို အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာပါတဲ့ Razer Logo လေးက မီးလင်းခဲ့မယ်ဆိုရင် အနည်းဆုံးတော့ လူရှေ့ထုတ်ကြွားလို့ကောင်းမယ့် Device တစ်လုံးဖြစ်မှာတော့ အ သေအချာပါပဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နောက်ထပ်သတင်းအချက်အလက်တွေ ထပ်မံရရှိခဲ့ရင် ဒီနေရာကနေ ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password