တောအုပ်ကြီးထဲမှာ Rayman နေရာကနေဆော့ကစားရမယ့် Rayman Adventures!

Action နဲ့ Exploration နှစ်မျိုးလုံးကိုရောစပ်ထားတဲ့ဂိမ်းတစ်ခုဖြစ်ကြောင်းဦးစွာပြောပါရစေ။ Story Line ရှိတဲ့ဂိမ်းလေးဖြစ်တာကြောင့် Story ပိုင်းကနေစတင်ပါရစေ။


လူဆိုးတစ်သိုက် သစ်ပင် အကြီးကြီးအောက်က ရတနာတူးဖော်ရာကစတင်တာပါ။ လူဆိုးတွေ တူးဖော်နေတဲ့ရတနာကတော့ ဥပါ။ အဲ့ဒီဥကသစ်ပင်ရဲ့အမြစ်တွေနဲ့ တွယ်ငြိနေတာကြောင့် သစ်ပင်အမြစ်တွေကို ခုတ်ပြီးဥကိုယူဆောင်သွားပါတော့တယ်။ လူဆိုးတွေကဥလေးကို မိုးပေါ်မှာစီးတဲ့ယာဉ်တစ်မျိုးနဲ့ သယ်ဆောင်လာရာ လမ်းတစ်ဝက်မှာ အဲ့ဒီဥကလွတ်ကျသွားပြီး မိတ်ဆွေရဲ့ Character ဖြစ်တဲ့ Rayman ခေါင်းပေါ်ကိုပြုတ်ကျတာပါ။

Rayman ဟာသစ်ပင်ပေါ်မှာအိပ်နေတာဖြစ်ပြီး ဥကသူ့အပေါ်ပြုတ်ကျတာဖြစ်တာကြောင့် Rayman တစ်ယောက် သစ်ပင်ပေါ်ကပြုတ်ကျပြီး ဂိမ်းကစတင်တာပါ။ မိတ်ဆွေရဲ့ Character က Rayman ဆိုတာပုံသေတော့မဟုတ်ပါဘူး။ စစချင်းမှာကတည်းက မိတ်ဆွေ ကိုရွေးချယ်ဖို့ Character နှစ်ကောင်ပေးထားမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ Rayman နဲ့ Barbara ဖြစ်ပါတယ်။ မိတ်ဆွေရွေးချယ်လိုက်တဲ့ Character ခေါင်းပေါ်ကိုဥက ပြုတ်ကျသွားမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ခြုံပြောရရင် Rayman နဲ့ Barbara နှစ်ယောက်လုံးက သစ်ပင်ပေါ်မှာအိပ်နေမှာဖြစ်ပြီး မိတ်ဆွေရွေးချယ်လိုက်တဲ့ Character အပေါ်ကို ဥကပြုတ်ကျမှာဖြစ်ပါတယ်။

မိတ်ဆွေက စစချင်းမှာ Rayman (သို့) Barbara Character တစ်ယောက်ကိုရွေးချယ်ပြီး အဲ့ဒီပြုတ်ကျသွားတဲ့ ဥကိုလိုက်ဖမ်းရမှာဖြစ်ပါတယ်။ အဲ့ဒီဥကိုမိတ်ဆွေဖမ်းမိသွားရင် ပထမဦးဆုံး Level အောင်သွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ အဲ့ဒီဥကအကောင်ပေါက်မှာဖြစ်ပါတယ်။ ဥလေး အကောင်ပေါက်ပြီးရင်တော့မိတ်ဆွေဆက်ဆော့မယ့်နောက်ပိုင်း Level တွေမှာ အဲ့ဒီအကောင်ပေါက် ပါလာမှာဖြစ်ပါတယ်။ မိတ်ဆွေသွားရာလမ်းတလျှောက်ကအတားအဆီးတွေကို ရှောင်သွားနိုင်သလို၊ ဖျက်ဆီးပြီးသွားလို့လည်းရပါတယ်။ အစပိုင်း Level တွေမှာတော့ ပစ္စည်းတွေလောက်ပဲတွေ့မှာဖြစ်ပေမဲ့ နောက်ပိုင်း Level တွေရောက်ရင်တော့ လူဆိုးတွေကိုပါတွေ့လာမှာဖြစ်ပါတယ်။ စစချင်းမှာတော့ မသိသာပေမဲ့နောက်ပိုင်း Level တွေဆော့တဲ့အခါလမ်းပျောက်တာတွေအနည်းငယ်ဖြစ်နိုင်တာကြောင့် သတိထားပြီးဆော့ရမှာပါ။

Level တွေကအများကြီးပါဝင်ပါတယ်။ Level တစ်ပွဲနိုင်မှ နောက် Level တစ်ခုကိုဆက်ပြီးဆော့နိုင်မှာဖြစ်ပါတယ်။ စစချင်းမှာ မိတ်ဆွေဆော့ရမယ့်နေရာကတော့ တောအုပ်ထဲမှာပါ။ နောက်ပိုင်း Level တွေတဖြည်းဖြည်းမြင့်လာရင်တော့ ဆော့ရမယ့်နေရာတွေလည်းပြောင်းသွားမှာဖြစ်ပါတယ်။   ဒီဂိမ်းမှာ မိတ်ဆွေက Rayman နဲ့ Barbara အပြင် Character ၂ ကောင်ပါဝင်တာကိုလည်းတွေ့မြင်ရမှာပါ။ အဲ့ဒါကတော့ Globox နဲ့ Teen Punk ပါ။ Rayman နဲ့ Barbara ကတော့ စစချင်းမှာထဲက Unlock ဖြစ်နေမှာဖြစ်ပြီး Globox နဲ့ Teen Punk ကိုတော့ မိတ်ဆွေကိုယ်တိုင် Unlock လုပ်ရမှာဖြစ်ပါတယ်။ Character တစ်ကောင်ချင်းစီတိုင်းမှာ မိတ်ဆွေစိတ်ကြိုက်လဲနိုင်တဲ့ Costume တွေပါဝင်ပါတယ်။ Costume တွေကိုလည်းမိတ်ဆွေကိုယ်တိုင်ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး အမိုက်စား Animation တွေကိုတွေ့ မြင်ရမယ့်ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

PlayStore

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password