ArticleReviews

ဆန်းကြယ်မှုတွေကိုရှာဖွေရမယ့် Ravenhill®: Hidden Mystery

အားလုံးပဲမင်္ဂလာပါခင်ဗျာ……။ Advanture နဲ့ Puzzle ဂိမ်းအမျိုးအစားကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် playon ကနေပြီးတော့ ပရိတ်သတ်ကြီးတို့အကြိုက်တွေ့စေမယ့်ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားမှာပါ။ TGIF လည်းလာတော့မှာဆိုတော့ပိတ်ရက်မှာလျှောက်မလည်ပဲဂိမ်းဆော့မယ့်သူတွေအတွက်ကောင်းကောင်းအဖော်ပြုပေးမယ့်ဂိမ်းလေးနဲ့မိတ်ဆက်ပေးမှာပါခင်ဗျ😁။

ဂိမ်းနာမည်က Ravenhill®: Hidden Mystery လို့ခေါ်ပြီး ဝှက်ထားတဲ့ပစ္စည်းတွေကိုရှာဖွေရတဲ့ puzzle ပုံစံမျိုးဖြစ်ပါတယ်။ ဝှက်ထားတဲ့ပစ္စည်းတွေကိုရှာဖွေရတဲ့ဂိမ်းမျိုးတွေအများကြီးရှိပါတယ်။ အဲ့ဒီလိုအများကြီးထဲကမှ ဒီဂိမ်းလေးက adventure ပုံစံဆန်းသစ်ထားပြီး Playstore ပေါ်မှာလည်း trending ဖြစ်နေတာကြောင့် playon ပရိတ်သတ်ကြီးလက်ထဲအရောက်ပို့ပေးလိုက်ရတာဖြစ်ပါတယ်။

Hidden Object လိုဂိမ်းတွေကနေအစပြုခဲ့တဲ့ ပစ္စည်းရှာတဲ့ဂိမ်းတွေဟာ အရင်အချိန်တွေကတည်းက PC ပေါ်မှာခေတ်စားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းသွားနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဂိမ်းတွေဖြစ်တာကြောင့်စာရေးသူကိုယ်တိုင်အချိန်အတော်လေးပေးပြီးဆော့ကစားခဲ့တဲ့ဂိမ်းအမျိုးအစားတစ်ခုပါ 😇 ။ အခု mobile ပေါ်ရောက်ရှိလာတဲ့ Criminal case နဲ့ Seeker’s note တို့လို hidden object ဂိမ်းတွေမှာ online ချိတ်ဆက်လာနိုင်ပြီးအခြားသောလုပ်ဆောင်ချက်တွေပါဝင်လာတာကြောင့်ပိုပြီးဆော့လို့ကောင်းလာပါတယ်။ အခု Ravenhaill ဂိမ်းကတော့ နိုဝင်ဘာ ၈ ရက်နေ့ကမှထွက်ရှိလာတာဖြစ်ပြီး feature အသစ်အဆန်းတွေနဲ့လုံးဝဆန်းသစ်ထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူ့မှာဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်လာတယ်ဆိုတာကိုအောက်မှာဆက်ဖက်ကြည့်ပေးပါဦး။

ထုံးစံအတိုင်းပထမဆုံးကိုအလန်းဆုံးအချက်နဲ့အရင်စပါမယ် 😉 ဒါကတော့ ဂိမ်းရဲ့ story line ပါပဲခင်ဗျာ။ ဂိမ်းကို story အတိုင်းတစ်ခန်းချင်းဆော့နေရင်းနဲ့ မထင်မှတ်တဲ့ event အဖြစ်အပျက်တွေပေါ်လာမှာဖြစ်ပါတယ်။ Story ဆော့နေရင်းမထင်မှတ်လာတာတွေဖြစ်လာမှာဆိုတော့လုံးဝမိုက်တဲ့ feature ပါနော်။ နောက်ဆုံးထွက်ဂိမ်းဖြစ်လို့ graphic အလန်းစားတွေနဲ့ပွဲထွက်လာမှာဖြစ်ပြီးတော့ အခြားပုံစံတူဘယ်ဂိမ်းမှာမှမရှိသေးတဲ့ ကိုယ်ပိုင် Character ဖန်တီးတဲ့လုပ်ဆောင်ချက်ပါဝင်မှာဖြစ်ပါတယ်။

Background music ကိုလည်း player feedback တွေမှာ ဂိမ်းနဲ့အတော်လေးလိုက်ဖက်တယ်လို့ချီးကျူးနေကြပါတယ်။ အဲ့ဒါတွေအပြင် ဇာတ်ကောင်တစ်ခုချင်းစီရဲ့စွမ်းရည်တွေအမျိုးမျိုးသော game mode တွေနဲ့အခြား လုပ်ဆောင်ချက်တွေလည်းပါဝင်ပါသေးတယ်။ ဒီဂိမ်းဟာသင့်ရဲ့အချိန်တွေကိုကောင်းကောင်းသုံးပြစ်မယ့် time killer တစ်ကောင်ဆိုတာကိုတော့ကြိုသတိပေးပါရစေ။

ကဲ feature အသစ်တွေနဲ့ဆွဲဆောင်ထားပြီး advanture/puzzle fan တွေလုံးဝလက်မလွှတ်သင့်တဲ့ဒီဂိမ်းလေးကိုအောက်ပါ link ကနေရယူနိုင်ပါပြီ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password