Action

MMORPG ကို Monster Hunter ပုံစံနဲ့ မြင်တွေ့ရမယ့် Rangers of Oblivion

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့အတွက် MMORPG ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်က Rangers of Oblivion ဖြစ်ပါတယ်။ ကစားနေကြတဲ့သူတွေ ရှိနေကြပြီလား ??? ထွက်ထားတာတော့ မကြာသေးဘူးနော်။

Rangers of Oblivion က MMORPG ကို Monster Hunter ပုံစံမျိုးနဲ့ အကောင်းဆုံး မြင်တွေ့ရမယ့်ဂိမ်းတစ်ခုပါ။ သူရဲ့ ပုံစံက မိုလ်ဘိုင်းပေါ်မှာ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ သူ့အရှေ့မှာ ပုံစံတူ Dragon Projectလို ဂိမ်းတွေ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာသူက ထွက်ရှိထားတာအစောဆုံး ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ ဂိမ်းတစ်ခုဖြစ်နေပါတယ်။ သူ့ပုံစံက Monster Hunter နဲ့လည်း တော်တော့်ကို တူပါတယ်။

ဂိမ်းထဲမှာ player က စွမ်းအားအများဆုံး လက်နက်တွေကို ရယူကာ သံချပ်ဝတ်စုံတွေကို ဝတ်ဆင်ပြီး မကောင်းဆိုးဝါးတွေကို အနိုင်ပိုင်းရမှာပါ။ ဇာတ်ကောင်တွေရဲ့ ပုံပန်းသွင်ပြင်ကို player ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ လက်နက်တွေကလည်း တကယ့်ကိုမှ အလန်းကြီးတွေပါ။ ဒါ့အပြင် ဂိမ်းထဲမှာတွေ့ရမယ့် ကမ္ဘာကြီးကလည်း တကယ့်ကိုလှပပြီး ကျယ်ပြန့်ပါတယ်။

Monster Hunter ပုံစံမျိုးဖြစ်တာကြောင့် hunting ဘက်ကို အများကြီးတွေ့ရမယ်ဆိုတာ မှန်ပေမယ့် hunting ကို ကစားရတာ ဝါသနာမပါတဲ့သူတွေအတွက် quest တွေအများကြီး ရှိပါသေးတယ်။

ဂိမ်းရဲ့ ပုံစံကို ကြည့်လိုက်ရင်ပဲ Console ဂိမ်းတစ်ခုကို ကစားနေသယောင်ယောင် ခံစားမိစေမှာပါ။ ဂိမ်းထဲမှာ အရာဝတ္ထု ပစ္စည်း တွေကို အများကြီးထည့်ထားတာကြောင့် တစ်ခါတစ်ရံ ပစ္စည်းတွေကို သူတို့ ရှေ့ရောက်မှ တွေ့ရတာမျိုးတွေ ရှိပါတယ်။ အချို့ပစ္စည်းတွေက ပျောက်ပျောက်နေတတ်ပါတယ်။

အားလုံးကို ခြုံငုံပြီး ကြည့်ရမယ်ဆိုရင်တော့ ဂိမ်းလေးက တော်တော်လေး ချစ်ဖို့ကောင်းပါတယ်။ အောက်မှာ trailer လေးပြပေးထားတယ်။ တစ်ခါတည်းဝင်ကြည့်ပြီး ကြိုက်ရင် ဒေါင်းလုတ်လုပ်လိုက်ပါနော်…:D:D:D

Trailer Video –

Source-https://www.droidgamers.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password