Evil Army ဆီကလွတ်အောင်ပြေးပြီးကမ္ဘာကြီးကိုစစ်ဖြစ်တဲ့ အန္တရာယ်မှကာကွယ်ပေးရမယ့် Ramboat : Shoot and Dash!

လက်နက်တွေကိုင်ပြီး Mambo နဲ့ သူ့စစ်တပ်ကို Evil Army ဆီကလွတ်မြောက်အောင်ပြေးတဲ့ နေရာမှာကူညီပေးရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေတောက်လျှောက်ပြေးရင်းသေနတ်ပစ်နေရတာကိုကြိုက်ပါသလား? ကြိုက်ရင်တော့ဒီဂိမ်းလေးကစားဖို့တိုက်တွန်းပါရစေ။ မိတ်ဆွေလည်းဒီဂိမ်းလေးကိုကြိုက်လောက်မှာပါ။ 2D animation နဲ့လုပ်ထားတဲ့ Shooting ဂိမ်းလေးဖြစ်ပြီးဆော့ရလည်းပေါ့ပါးတာကိုတွေ့ရမှာပါ။

မိတ်ဆွေကဒီဂိမ်း မှာ Mambo နေရာက Evil Army နေပြေးနေရမှာပါ။ လက်ဗလာနဲ့ပြေးရမှာမျိုးမဟုတ်ပါဘူး။ လက်နက်အများကြီးဆောင်ပြီးပြေးရမှာပါ။ အဲ့ဒီအများကြီးကိုင်ဆောင်တာကတော့နောက်ပိုင်းမှပါ။ စစချင်းမှာတော့သေနတ်တစ်လက်နဲ့ပဲစတင်ရမှာပါ။ မိတ်ဆွေကိုလက်နက်တွေပေးထားတယ်ဆိုတာကလည်း မိတ်ဆွေလမ်းတစ်လျှောက် ရန်သူတွေနဲ့တွေ့ရမှာမို့လို့ပါ။ ရန်သူတွေကတော့ Evil Armyထဲကကောင်တွေပါပဲ။ မိုးပေါ်ကလေထီးတွေနဲ့ကျလာတဲ့စစ်သားတွေ၊ စစ်လေယာဥ်တွေ၊ စတာတွေကိုတွေ့ရမှာပါ။ စစ်သားတွေကမိတ်ဆွေကိုသေနတ်နဲ့ပစ်မှာဖြစ်သလို၊ စစ်လေယာဥ်တွေကလည်း Rocket တွေနဲ့ဆော်ဦးမှာပါ။ မိတ်ဆွေကပြေးတဲ့တစ်လျှောက်ကျည်ဆံတွေ၊ Rocket တွေကိုရှောင်လိုက်၊ သေနတ်နဲ့ပြန်ပစ်လိုက်လုပ်နေရမှာပါ။

                             

မိတ်ဆွေက အဲ့ဒီကျည်ဆံတွေကြားထဲမှာကြာနိုင်သလောက်ကြာအောင်ရှင်သန်နေရမှာပါ။ ရှင်သန်ချိန်ကြာလေ Score ပိုတက်လေပါပဲ။မိတ်ဆွေကဒီဂိမ်းမှာသေနတ်ပစ်ရင်းနဲ့ပြေးနေရမှာပါ။ ပြေးရမှာကလည်းရေပေါ်မှာ Motor Boat အသေးစားလေးနဲ့ပြေးနေရမှာပါ။ မိတ်ဆွေအနေနဲ့လက်နက်တွေ၊ Motor Boat တွေကို လမ်းတလျှောက်မှာရှိတဲ့ Coin လေးတွေကိုစားပြီး မိတ်ဆွေကိုယ်တိုင် Unlock လုပ်ရမှာပဲဖြစ်ပါတယ်။ လက်နက်တွေကအမျိုးအစားများစွာပါဝင်ပါတယ်။ Pisto၊ Laser၊ စစ်သေနတ်၊ ဒုံးကျည်၊ လက်ပစ်ဗုန်း စတဲ့အလန်းစားလက်နက်တွေလည်းတွေ့ရမှာပါ။ရှိပြီးသားလက်နက်တွေကိုလည်း Damage ပိုကြမ်းအောင် upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Motor Boat တွေလည်းအမျိုးအစားစုံစုံလင်လင်ရှိနေတာကိုတွေ့ရဦးမှာပါ။ ဇိမ်ခံနိုင်တဲ့ရွက်လှေ, a pirate ship, a dragon, a flying cloud, hungry shark စတယ့်အမိုက်စား Motor Boat လေးကိုမြင်ရမှာပါ။ဒါ့အပြင် Mambo ရဲ့စစ်တပ်မှာပါတဲ့ Character လေးတွေနေရာကဆော့ချင်တယ်ဆိုရင် မိတ်ဆွေကိုယ်တိုင်ပဲ Coin လေးတွေနဲ့Unlock လုပ်ရဦးမှာဖြစ်ပါတယ်။ ကဲ… Mambo တို့အဖွဲ့ Evil Army ဆီကလွတ်မြောက်တာ၊ မလွတ်မြောက်တာကတော့ မိတ်ဆွေအပေါ်မှာပဲမူတည်နေပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးဆော့နိုင်ပြီး Adventure နဲ့ Action ရသနှစ်မျိုးလုံးကိုတစ်ပြိုင်တည်း ပေးနိုင်ကြောင်း မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.generamobile.ramboat&hl=en

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password