Reviews

ချစ်ခြင်းမေတ္တာ နဲ့ သူငယ်ချင်းသံယောဇဉ်ကြားကစွန့်စားခန်းကို ပုံဖော်ထားတဲ့ Ragnarok M: Eternal Love

တစ်လကျော်ကြာ Pre-register ဖွင့်ပေးပြီး နောက်မှာတော့ Ragnarok M: Eternal Love ကို အရှေ့တောင် အာရှမှာ Open beta အဖြစ် စတင် ကစားလို့ ရနေပါပြီ။ Ragnarok M: Eternal Love ကို အပြင် လောက က သဘာဝအတိုင်း ဆင်တူနီးပါး တူညီတဲ့ လှုပ်ရှားမှုတွေ၊ အသံ effect တွေနဲ့ ပုံရိပ်တွေကို အသုံးပြု ဖန်တီးထားတာဖြစ်ပြီး ဂိမ်းရဲ့ ပုံစံကလည်း မူရင်း Ragnarok ဂိမ်းအတိုင်း ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာတရားကို ပုံဖော်ထားတာပါ။

Graphic structure ကို မူရင်းဂိမ်း ရုပ်ထွက် 2.5D ထက်ပိုကောင်းတဲ့ 3D ရုပ်ထွက် ပုံစံ မြင်တွေ့ရမှာပါ။ ဒါပေမယ့် မိုလ်ဘိုင်း ဂိမ်းဖြစ်တာကြောင့် combat အတွက် အလိုအလျောက်စနစ်ကို ထည့်သွင်းထားမှာဖြစ်ပြီး Quest တွေကိုလည်း player တွေ စိတ်တိုင်းကျမဟုတ်ဘဲ မြေပုံ အတိုင်း လုပ်ရမှာဖြစ်ပါတယ်နော်။ သူ့မှာ ဂိမ်းကို ပိုပြီး သက်ဝင်လှုပ်ရှားစေမယ့် real-time player-versus-player (PvP) နဲ့ War of Emperium (WoE) လည်းပါဝင်မယ်လို့ သိရပါတယ်။ အရမ်းအရမ်းကို မိုက်တဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာကြည့်သွားနိုင်ပါတယ်။

ဘော်ဘော်တို့ရေ… ဗီဒီယိုလေးကို ကြည့်ပြီး ဂိမ်းလေးရဲ့ ပုံစံကို ခန့်မှန်းနိုင်သွားကြပြီမဟုတ်လား။

ဒီဂိမ်းလေးက ချစ်ခြင်း မေတ္တာ နဲ့ သူငယ်ချင်း သံယောဇဉ်ကြားက စွန့်စားခန်း (The adventure of love and friendship) ကို အသေအချာ ပုံဖော်ထားတဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် လူငယ်တွေ ကြားမှာ အရမ်းအရမ်းကို ရေပန်းစား အကြိုက်များပါတယ်။ဘယ်လောက်တောင် လူကြိုက်များသလဲ ဆိုရင် သူ စတင်ထွက်ရှိခဲ့တဲ့နေ့မှာပဲ App Store ရဲ့ အာရှနိုင်ငံ ၄ ခု(ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒို၊ ဘရူနိုင်း) တို့မှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တာပါ။ The Ragnarok M : Eternal Love app ကို တောင်ကိုရီးယား အခြေစိုက် ဂိမ်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Gravity က ထုတ်လုပ်ဖန်တီးထားတာဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကတော့ ၂၀၀၃ ခုနှစ်ကတည်းက Online မှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ Ragnarok ကို အခြေခံပြီး ဖန်တီးထားတဲ့ Open world mobile MMORPG ဖြစ်ပါတယ်။ Free to download ဖြစ်တာကြောင့် ခုပဲ ချက်ချင်း ဒေါင်းလုတ်လုပ်လို့ရအောင် အောက်မှာ link လေးရှိတယ်နော်…

Download link – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password