Reviews

သူငယ်ချင်းများနဲ့အတူ အပြိုင်အဆိုင်အနိုင်ယူရမယ့် Jockey Viva Go

ဒီဂိမ်းလေးကတော့ online နဲ့ချိတ်ဆက်ပြီး သူငယ်ချင်း မိတ်ဆွေများနဲ့ ပြိုင်ဆိုင်ရမယ့် မြင်းပြိုင်တဲ့ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဆော့ကစားသူ အနေနဲ့ စိတ်ကျေနပ်မှုနှင့်အတူ ဒီဂိမ်းထဲမှာ စိတ်ဝင်စားဖွယ်ရာများကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ အတွက် လိုအပ်တဲ့ မြင်းများကို ဂိမ်းထဲမှာပါဝင်တဲ့ Market ၊ Lucky Draw ဒါမှမဟုတ် သားပေါက်အကောင်များမှ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ရည်ရွယ်ချက် ကတော့ သင်ပိုင်ဆိုင်ထားတဲ့ မြင်းကိုအရည်အသွေး စွမ်းဆောင်မှု မြင့်မားအောင် ထိန်းကျောင်းပြီး ပြိုင်ပွဲများမှာ ယှဉ်ပြိုင် အနိုင်ယူရမှာ ဖြစ်ပါတယ်။

                      

ပထမဆုံးအနေနဲ့ ဒီဂိမ်းထဲမှာ မတူညီတဲ့ ပြိုင်ပွဲပုံစံများနဲ့ ဆော့ကစားနိုင်မှာ ဖြစ်သလို Regular Race/ Trophy Race / Betting Race / Challenge Race စတဲ့ အရာများပါဝင်တဲ့အတွက် မိတ်ဆွေများအတွက်ပျင်းရိခြင်းမရှိဖို့ သေချာနေပါပြီ။ ပါဝင်နိုင်တဲ့ ပြိုင်ပွဲ ၁၀၀ကျော် လောက်ဟာ နေ့တိုင်းအလိုလိုမှာ ယှဉ်ပြိုင်နိုင်သလို ဂိမ်းရဲ့ level system အနေနဲ့ကတော့ ပြိုင်ပွဲများမှာ အနိုင်ယူခြင်းသာမက (exp gain) အတွေ့အကြုံများ ရရှိမှုများ အပေါ်မှာ မူတည်နေပါတယ်။

Free to Play ဖြစ်ပြီးတော့ Game Platform အနေနဲ့ IOS သာမက Android နှစ်မျိုးလုံးမှာ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့်မို့ racing ဂိမ်းများကို စိတ်ပါဝင်စားတဲ့ မိတ်ဆွေများအတွက် သတင်းစကားပါးရင်း ဒီဂိမ်းလေးထဲမှာ အောင်မြင်မှု သရဖူနဲ့အတူ စိတ်ပျော်ရွှင်စရာများ ဖန်တီးနိုင်ကြပါစေ . . . . . . . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password