
ချစ်စရာကောင်းတဲ့ Penguin တစ်ကောင်ကို အသားစားဝက်ဝံတစ်ကောင်ကိုလိုက်ဖမ်းရာကစတင်တာပါ။ ဖမ်းတယ်ဆိုတာက စားဖို့ပါ။ Racing Penguin ဆိုတဲ့ဂိမ်းလေးမှာတော့မိတ်ဆွေရဲ့ Character ကအဲ့ဒီ Penguin လေးပါ။ အဲ့ဒီ Penguin လေးဟာ ဝက်ဝံရန်ကနေလွတ်အောင်ပြေးမှာပါ။ အဲ့ဒါကြောင့် အဲ့ဒီ Penguin လေး ဝက်ဝံ ရန်က လွတ်မြောက်မလား၊ ဝက်ဝံစားလို့ ဝက်ဝံဗိုက်ထဲရောက် မလားဆိုတာကတော့ မိတ်ဆွေအပေါ်မှာပဲမှုတည်ပါတယ်။ ပြေးရမယ့်နေရာ က နှင်းတောင်တန်းတွေဖြစ်တာကြောင့် မပြေးဘဲ နှင်းကိုအားကိုးပြီးလျှောစီးသွားရင် လွတ်မြောက်ဖို့အခွင့်အရေးပိုများပါတယ်။
In-Game System အကြောင်းလေးဆက်ပြောမှာဖြစ်လို့ ဆက်လက်လိုက်ပါစေချင်ပါတယ်။ ဂိမ်းစစချင်းဝင်ရင် Single Player နဲ့ Multiplayer ဆိုပြီးနှစ်မျိုးတွေ့ရမှာပါ။ စစချင်းမှာ Single Player ကိုသာဆော့နိုင်မှာဖြစ်ပြီး Multiplayer ကိုတော့ဆော့လို့ရဦးမှာမဟုတ်ပါဘူး။ Single Player က Level တချို့အောင်ပြီးမှ Multiplayer ကိုဆော့လို့ရမှာဖြစ်ပါတယ်။
Single Player ထဲဝင်ရင်ပထမဦးဆုံး Antarctic, Sahara, Brazil, Rainbow, Hawaii နဲ့ Flying Mountains စတဲ့ Chapter တွေကို တွေ့ရမှာပါ။ Chapter တစ်ခုပြီးမှ နောက် Chapter တစ်ခုကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Chapter တစ်ခုစီမှာ အခန်း ၂၄ ခန်းပါဝင်တာကြောင့် အချိန်ကြာကြာဆော့ရမယ့်ဂိမ်းတွေထဲမှာပါဝင်ပါတယ်။ မိတ်ဆွေရဲ့ Penguin ကစစချင်းမှာ အဝတ်မပါဘဲ ဗြောင်ကြီးဖြစ်နေမှာပါ။ အဲ့ဒီပုံစံကြီးမကြိုက်ဘူးဆိုရင် Customize လုပ်ပေးထားတဲ့ ဝတ်စုံတွေကို ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ In-game coin တွေနဲ့ ဝယ်လို့မရပါဘူး။ တကယ့်ပိုက်ဆံနဲ့ဝယ်ရမှာဖြစ်တာကြောင့် ပိုက်ဆံမသုံးချင်တဲ့လူတွေအတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး။ ဝတ်စုံတွေကို ပေးတဲ့ပိုက်ဆံနဲ့တန်အောင်ဖန်တီးပေးထားတာကိုတော့တွေ့ရမှာပါ။
Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ Penguin လေးနဲ့တွေ့ဆုံရမှာဖြစ်ပြီးဆော့ရတာပျော်စရာကောင်းတဲ့ Mini ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။
Image Source :
https://play.google.com/store/apps/details?id=com.topfreegames.racingpenguin.free