ပေါတောတောယုန်လေးနဲ့တွေ့ဆုံရမှာကြောင့်စိတ်ညစ်တာတွေပြေ ပျောက်စေမယ့် Rabbids Crazy Rush!

ဒီဂိမ်းမှာတော့မိတ်ဆွေကပေါပေါတောတောယုန်လေးနဲ့ဖြတ်သန်းရမှာပါ။ ယုန်ကို English လို က Rabbitပါ။အခုဟာက Rabbids ဆိုတော့မိတ်ဆွေကြည့်ရတာတစ်မျိုးကြီးဖြစ်နေမှာပါ။အဲ့တာကိုတော့ France မှာ Lapins crétins (Idiot Rabbits) လို့သုံးပါတယ်။ပြောချင်တာက ထုံအ တဲ့ယုန်လေးလို့ပြောချင်တာပါ။ ထုံအ တဲ့ယုန်မို့မိတ်ဆွေအထင်သေးလိုက်ရင်တော့မိတ်ဆွေမှားသွားပါပြီလို့ပြောပါရစေ။ဘာလို့လဲဆိုတော့သူ့မှာမိတ်ဆွေထက်ကြီးမားတဲ့ရည်မှန်းချက်ရှိနေလို့ပါ။အဲ့တာကတော့လကမ္ဘာပေါ်သွားမယ်ဆိုတာပါပဲ။အဲ့ဒီရည်မှန်းချက်ကိုလည်းအဲ့ဒီယုန်လေးအကောင်ထည်ဖော်နေပါတယ်။လေးစားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ကျွန်တော်အပါအဝင်အချို့သောမိတ်ဆွေတချို့ကရည်မှန်းချက်ရှိသော်လည်းအကောင်ထည်ဖော်ရမှာပျင်းရီပြီးနေရွေ့၊ညရွေ့လုပ်တတ်ကြလို့ပါ။အဲ့ယုန်လေးကတော့ချက်ချင်းအကောင်အထည်ဖော်တာကြောင့်လေးစားသင့်တယ်လို့ပြောတာပါ။

ဒီဂိမ်းမှာတော့မိတ်ဆွေကလကမ္ဘာပေါ်သွားရောက်ဖို့စိတ်အားထက်သန်နေတဲ့ပေါပေါတောတောယုန်လေးကိုကူညီပေးရမှာပဲဖြစ်ပါတယ်။ဒီဂိမ်းက လမ်းတောက်လျှောက်ကအရာတွေကိုရှောင်ရှားပြီးပြေးနေရမှာဖြစ်လို့Endless Type Game အမျိုးအစားဖြစ်ပါတယ်။ Endless ဆိုပေမဲ့ မိမိရဲ့Best Scoreကိုကျော်အောင်ပြန်ဆော့တာ(or)သူငယ်ချင်းတွေရဲ့ Score နဲ့ပြိုင်ဆော့နိုင်တာဖြစ်တာကြောင့်Challenge Typeဂိမ်းလို့လဲပြောနိုင်ပါတယ်။ Score ကတော့မိတ်ဆွေ In Game ထဲမှာပြေးနိုင်တဲ့ခရီးအတိုင်းအတာနဲ့တွက်သွားမှာဖြစ်ပါတယ်။

                                                   

ပြေးတဲ့တစ်လျှောက်မှာမိတ်ဆွေကနို့ဆီဘူးပုံစံ Cans လေးတွေကိုတွေ့မှာပါ။အဲ့တာတွေကိုမိတ်ဆွေကပြေးရင်းနဲ့ယူသွားရမှာပါ။ Cans တွေများများယူနိုင်လေ ယုန်လေးရဲ့ရည်မှန်းချက်ဖြစ်တဲ့လကမ္ဘာပေါ်ကိုအမြန်ဆုံးသွားနိုင်ဖို့နီးစပ်လေပါပဲ။အဲ့ Cans တွေထဲမှာယုန်လေးလိုအပ်တဲ့ Gas တွေပါလို့ပါပဲ။ အဲ့ဒီယုန်မှာလပေါ်ကို သွားဖို့ Moon-Bound Balloon ရှိပါတယ်။အဲ့တော့သူလိုအပ်နေတာ Gas ပါ။ဒီဂိမ်းမှာမိတ်ဆွေရဲ့တာဝန်က Scoreများအောင်ခရီးရှည်ရှည်သွားပြီး ယုန်လေးအတွက် Cans များများယူပေးရမှာဖြစ်ပါတယ်။ခရီးရှည်ရှည်ပြေးရမယ်ဆိုရင်လမ်းတောက်လျှောက်မှာရှိတဲ့အရာတွေကိုရှောင်ရမှာဖြစ်တာကြောင့်ထင်သလောက်တော့မလွယ်ပါဘူး။အဲ့တာအပြင်ဒီဂိမ်းမှာ ပြေးတာအပြင် လမ်းမှာပေးထားတဲ့ Glide ကိုစားလိုက်ရင် Glide အပြင်တခြားHome-made Vehicle တွေလဲစီးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်မိတ်ဆွေစိတ်ကြိုက်ဝယ်နိုင်တဲ့ Costume အလန်းစားတွေလဲရှိပါသေးတယ်။

ဒီဂိမ်းက Offline Gameဖြစ်ပြီးပေါ့ပေါ့ပါးပါးဆော့နိုင်တာကြောင့်မိတ်ဆွေတို့ကဘယ်နေရာမှာမဆိုဖုန်းထုတ်ပြီးဆော့နိုင်ပါတယ်။Free To Play ပါ။ Android နဲ့ IOS platform နှစ်မျိုးလုံးမှာဆော့နိုင်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.ubisoft.rabbidsrunner&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password