ArticleNews

မကြာခင်မှာ ထွက်ရှိတော့မယ့် QuestLord 2

၂၀၁၃ ခုနှစ်မှာ အရမ်းကို အောင်မြင်ခဲ့တဲ့ Questlord ရဲ့ အဆက်ဖြစ်တဲ့ QuestLord 2 ကို မကြာခင်မှာ ကစားနိုင်တော့မှာဖြစ်ပါတယ်။ သူက first person dungeon crawler ဖြစ်ပြီး မူရင်းဂိမ်း Questlord ပုံစံအတိုင်း Eye of the Beholder (၁၉၉၁) နဲ့တူပါတယ်။ QuestLord 2 က QuestLord ကို တတ်နိုင်သမျှ အများကြီးချဲ့ထွင်ထားတဲ့ ဂိမ်းလို့ သိရပြီး သူ့ရဲ့ feature အသစ်မှာ နေ့နဲ့ည အချိန် စက်ဝိုင်း အပြည့် အပြင် ရာနဲ့ ချီတဲ့ NPC တွေနဲ့ pet တွေကိုလည်းတွေ့ရမှာပါ။

QuestLord 2 ကို ၁၈ ရက်နေ့မှာ App Store/ Play Store ပေါ်မှာတွေ့ရမယ်လို့ မှန်းထားကြပါတယ်။ အဲ့တာကြောင့် RPG ဂိမ်း ဖန်တွေတော့ ကစားရမယ့် ဂိမ်းတစ်ခု တိုးတော့မှာပေါ့နော်။ ဒါပေမယ့် ဒေါင်းလုတ် လုပ်ခကတော့ အခမဲ့ မဟုတ်ပါဘူးတဲ့။ ကနဦး ဒေါင်းလုတ် လုပ်ခ ဒေါ်လာ ၆.၉၉ (မြန်မာငွေ ၁သောင်းဝန်းကျင်) လောက်ပေးပြီး ဒေါင်းရမယ်လို့ ကြားပါတယ်။ အဲ့တော့ စိတ်ပြေလက်ပျောက်က စားဖို့ဆိုရင်တော့ သိပ်ပြီးတော့ တွက်ချေကိုက်လောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စျေးနှုန်းက ဂိမ်းတရားဝင် ထွက်မလာသေးတာကြောင့် မသေချာသေးဘူးလို့လဲ ပြောကြပါတယ်။ QuestLord တုန်းကတော့ ဒေါင်းလုတ်လုပ်ခ ကို အခမဲ့ လုပ်ပေးထားပါတယ်။ အဲ့တော့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြရမှာပေါ့နော်။ 😄)

ဂိမ်းထဲမှာ Player က မတူညီတဲ့ Slot ၃ခုကို အသုံးပြုနိုင်မှာဖြစ်တာကြောင့် device တစ်ခုမှာ player တစ်ယောက်ထက် ပိုပြီး ကစားနိုင်မယ်လို့ သိရပါတယ်။ ဇာတ်ကွက်အရ ဂိမ်းကို Astral Sorceress Thelia က ကမ်ဘာကို ကယ်တင်ဖို့ အခြား QuestLord တစ်ခုကို ရှာဖွေရန် တစ်ဖန် ပြန်လာတဲ့ Second Age မှာ ဖြစ်တည် ထားပါတယ်။ Astral Sorceress Thelia ရဲ့ နေရာမှာ player ကစားရမယ့် ပုံပါပဲ။ ဂိမ်းထဲမှာ ကွဲပြားတဲ့ Lore skills ၅ခု ပါပါတယ်။ သူတို့တွေကတေတာ့ Battle, Beast, Scout, Science, နဲ့ Magic and travelling across a massive map solving quests တို့ပဲ ဖြစ်ပါတယ်။ သတင်း အပြည့် အစုံကို Questlord2 ထဲဝင်ရောက်ပြီးလည်း လေ့လာနိုင်ပါတယ်။

ကဲ . ??? Playon က ဘော်ဒါတို့တွေရော??? ဘယ်လိုလဲ??? QuestLord 2 ကို ကစားဖို့ စိတ်ကူးရှိကြလား?? ဒါမှမဟုတ် သူ့ရဲ့ မူရင်း QuestLord လေးကိုပဲ free လေး ကစားကြမလား ဆိုတာ သေချာ စဉ်းစားကြပါနော်။ QuestLord ရဲ့ နမူနာ ဗီဒီယိုလေးကိုတော့ အောက်မှာကြည့်သွားလို့ရပါတယ်။

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password