ArticleReviews

မကြာသေးခင်ကမှထွက်ရှိထားတဲ့ PvP shooter ဂိမ်းအသစ် – Mech Battle 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ Djinnworks ဟာ Player Vs Player (PvP) shooter ဂိမ်းအသစ်လေးတစ်ခုဖြစ်တဲ့ Mech Battle ကိုဖန်တီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Mech Battle ဆိုတဲ့အတိုင်း Tank Robot ကြီးတွေရဲ့ ပစ်ခတ် တိုက်ပွဲခေါ်သံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဂိမ်းအကြောင်းဘာမှမပြောခင် Trailer လေးအရင်ရှိုးလိုက်ပါဉီး။

အရမ်းကြီးစိမ်းနေသလို မခံစားရဘူးဟုတ်? ဘာလို့လဲဆိုတော့ အဲ့လို Tank စက်ရုပ်ကြီးတွေအချင်းချင်းတိုက်ခိုက်ရတဲ့ ဂိမ်းပုံစံမျိုးကို ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့  War Robots မှာမြင်တွေ့ခဲ့ဖူးလို့ဖြစ်ပါတယ်။ ဒါပေမယ့် ကွာဟချက်လေးတွေကတော့ တော်တော်လေးရှိနေပါတယ်နော်။ (ဉပမာ ပြောရရင် War Robot လို Pay to win ဘက် သိပ်မရောက်နေသလိုပေါ့။)

ဒီ Mech Battle ဆိုတဲ့ဂိမ်းဟာ ၂၂၀၃ ခုနှစ် Timeline မှာအခြေချထားတာပဲဖြစ်ပါတယ်။ အဲ့ Timeline မှာဆိုရင် နည်းပညာတွေတဟုန်ကြီးတိုးတက်နေပြီး ရှင်သန်သူကလည်း အနည်းငယ်သာကျန်ရှိနေပါတော့တယ်။ နည်းပညာတဟုန်ကြီးတိုးတက်လာတာကို အခြေခံပြီး ကျွန်တော်တို့ trailer ထဲမှာမြင်ခဲ့ရတဲ့ Mech ကြီးတွေကို လူသားတွေက ဖန်တီးပြီး အချင်းချင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာတာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေဟာ ရှင်သန်သူတစ်ယောက်နေရာကနေ Mech ကြီးကိုမောင်းနှင်တိုက်ခိုက်ရမှာပါ။ 4 vs 4 multiplayer ကစားရမယ့်ဂိမ်းဖြစ်တဲ့အတွက် အနိုင်အရှုံးကတော့ ကိုယ့်ရဲ့ Strategy အပေါ်မှာပဲအများကြီးမှုတည်ပါတယ်။

Mech အမျိုးအစားအများကြီးရှိနေပြီး ပွဲနိုင်တာကရမယ့် Awards ကိုအသုံးချပြီး စိတ်ကြိုက် Mech ကိုလဲလှယ်နိုင်သလို၊ Mech ရဲ့ gear ပြောင်းတာ၊ gear အသစ်ထည့်တာစတာတွေကို ပြုလုပ်ပြီး ကိုယ့် Mech ကြီးကိုပိုကြမ်းနိုင်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ (ဒီ logic ကတော့ တခြားဂိမ်းတွေလိုပါပဲ။)…. ဒီဂိမ်းရဲ့ ပတ်ဝန်းကျင်အနေအထားက ကျွန်တော်တို့အနာဂတ်မှာဖြစ်မယ့် ပတ်ဝန်းပုံစံနဲ့နီးစပ်နေသလိုဖြစ်ပြီး အနေအထားကလည်း Mech Battle နဲ့လိုက်သလိုလိုရှိနေတာကြောင့် ဆော့တဲ့အခါမှာ အမြင်အသစ်လေးတစ်ခုခံစားရတာကို သတိထားကြည့်ရင်တွေ့ပါလိမ့်မယ်။

အပေါ်ကအချက်တွေကိုတော့ မိတ်ဆွေကြိုက်/ မကြိုက် အတိအကျ မပြောနိုင်ပေမယ့် Device တိုင်းကို 60 Fps နဲ့ support ပေးထားတယ်ဆိုတဲ့အချက်ကိုတော့ သဘောကျသွားမယ်ဆိုတာအာမခံပါတယ်နော်။ ကြော်ငြာ လေးတွေနဲ့ Free to play ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ 😁)… PvP shooter ဂိမ်းတွေကို ကြိုက်နှစ်သက်သူဆိုရင် အောက်မှာ တစ်ခါတည်း download လုပ်သွားနိုင်ပါတယ်ခင်ဗျာ။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password