
ညဏ်စမ်း ပဟေဠိဆန်ဆန် ပြသာနာများ၊ ဖြစ်ရပ်များကို ဖြေရှင်းရတာ ကြိုက်နှစ်သက်တဲ့ မိတ်ဆွေများအတွက် ရယူနိုင်ဖို့ အခုဂိမ်းလေးကတော့ Barren Lab အမည်ရတဲ့ Adventure ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ အရင် ထွက်ရှိပြီးသားဖြစ်တဲ့ Jungle Adventure 2 ဖန်းတီးထားတဲ့ Developer များက အသစ်တဖန် ပြန်လုပ်ထားတဲ့ Puzzle-Platformer ဂိမ်းအမျိုးအစားတစ်ခုမှာပါဝင်နေပါတယ်။
နောက်ခံ Story lineကို ကြည့်မယ်ဆိုရင် Joe ဟာ ခရီးတစ်ခုကို သွားလာပြီးတော့ အန္ဒရာယ်ရှိတဲ့ ထောင်ချောက် အမြောက်အများကို ကျော်ဖြတ်ရင်း မိမိရဲ့ ဆုံးရှုံးမှုများကို ပြန်လည်ရှာဖွေ ရမှာဘဲဖြစ်ပါတယ်။ ဒီစွန့်စားမှုအတွက် Joe လို့အမည်ရတဲ့ လူငယ်လေးဟာ မိတ်ဆွေနဲ့အတူ စွန်းစားသွားလာရင်း dark shadows များကို ကျော်ဖြတ်ပြီး ဒီဂိမ်းရဲ့ လျှို့ဝှက်ချက် Barren Lab ကိုရှာဖွေဖို့အတွက်ကြောင့် စိတ်ဝင်စားမှုကတော့ ရှေးပြေးနေပါတယ်။
ဂိမ်းရဲ့ features ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ရိုးရှင်းတဲ့ ထိန်းချုပ်မှု controller ပါဝင်နေပြီး animation ပုံစံများနဲ့ ရုပ်ထွက်မှု အပိုင်းမှာလည်း သဘာဝဆန်တဲ့အတွက် ကျွန်တော်ကတော့ အကြိုက်တွေ့နေမိတယ်ဗျာ။ ထို့ထက်သာမက ဒီဂိမ်းဟာ Physics ပညာရပ်ကို အခြေခံပြီး ပြုလုပ်ထားတော့ မိတ်ဆွေအတွက် ဖြေရှင်းဖို့ ဘယ်လို ပဟေဠိဆန်တဲ့ အရာများက စောင့်နေသလဲ ဆိုတာကိုတော့ . . . . . . . . . . . . ။
မိတ်ဆွေအတွက် စိန်ခေါ်မှုများနဲ့ ရှိနေတဲ့ Barren Lab ဂိမ်းဟာ mobile platform အနေနဲ့ Android နဲ့ IOS များမှာ Free to Play ဖြင့် ရယူနိုင်တယ်ဆိုတဲ့ သတင်းစကားပါးလိုက်ပါရစေ။ တဆက်တည်းမှာ မိတ်ဆွေအနေနဲ့ ဒီဂိမ်းကို ရယူပြီးလို့ စတင်ကစားတော့မယ်ဆိုရင် သင့်ရဲ့ Headphone ကိုလည်းတစ်ပါးတည်း တပ်ဆင်ထားဖို့ အကြံပြုလိုက်ရပါတယ်။