Puzzle အကွက်တွေရွှေ့ပြီးရန်သူတွေကိုတိုက်ခိုက်ရမယ့် Puzzle Fighter!

Puzzle နဲ့ Action နှစ်မျိုးရောစပ်ထားတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ရန်သူကို အကွက်ရွှေ့ပြီးတိုက်ခိုက်ရမှာကြောင့် Strategy လည်းလိုအပ်တဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ Battle တွေတိုင်းမှာ မိတ်ဆွေရော မိတ်ဆွေရဲ့ရန်သူရောကို Puzzle တုံးလေးတွေအဆက်မပြတ် ပေးနေမှာဖြစ်ပါတယ်။ အဲ့ဒီ Puzzle တုံးလေးတွေကို Position ချပြီးအရောင်တူအောင် လုပ်ဆောင်ပေးမှသာ မိတ်ဆွေရဲ့ Character Hero က Combat တွေထွက်လာပြီးရန်သူကိုသွားချမှာပါ။

ထိုနည်းတူရန်သူဘက်ကလည်း အရောင်တူ Puzzle တွေ Position ကျသွားတဲ့အခါ Combat အလန်းစားတွေနဲ့ မိတ်ဆွေကို ပြန်ဖိုက်မှာဖြစ်ပါတယ်။ တခြား Puzzle ဂိမ်းတွေနဲ့ တူတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Puzzle အတုံးတွေအရောင်တူရာစုမိတာနဲ့ Auto ပျောက်သွားမှာမဟုတ်တာပါ။ အဲ့ဒီ Puzzle အရောင်တူစုနေတဲ့နေရာကို ဖြိုခွဲပေးမဲ့အရောင်တူ Puzzle တစ်ခုနဲ့ပေါင်းမိမှသာ ပြိုကွဲပြီးပျောက်သွားမှာဖြစ်ပါတယ်။ ပြိုကွဲသွားတဲ့ Puzzle အတုံးအနည်းအများ အပေါ်လိုက်ပြီး Damage သက်ရောက်မှုကကွာသွား မှာဖြစ်ပါတယ်။

Chun-Li, Ryu, Hen, M.Bison အစရှိတဲ့ Character တွေအပါအဝင် Character ပေါင်း ၁၀ ယောက်ကျော်ကိုတွေ့ရမှာပါ။ Character တစ်ယောက်ချင်းစီမှာမတူညီတဲ့ Combat တွေနဲ့ ကွဲပြားခြားနားနေတဲ့ Special Ability တွေရှိနေမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာက Mission တွေဆော့နိုင်သလို PvP (Player Vs Player) လည်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Mission တွေမှာတော့ AI တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ PvP မှာတော့ Global က Player တွေနဲ့ဆော့ကစားရမှာဖြစ်တာကြောင့် အနည်းငယ်ပိုခက်နေမှာပါ။ Mission တွေဆော့ပြီးမှ PvP မှာဆော့ပါလို့အကြံပေးပါရစေ။

ဘာလို့လဲဆိုတော့ စစချင်း Hero Level 1 လေးနဲ့ PvP မှာ Global ကကောင်တွေနဲ့သွားဖိုက်ရင် မိတ်ဆွေပဲ ခံရမှာမလို့ပါ။ Normal player နဲ့ Beginner က Hero Level အရရော အတွေ့အကြုံအရရော ကွာဟတာကြောင့်ပါ။ အကယ်၍ Mission တွေဆော့၊ ရလာတဲ့ Coin တွေနဲ့ Hero တွေကို Level မြင့်၊ Special Ability တွေကို Damage ကြမ်းအောင် Update လုပ် စသည်ဖြင့် တစ်ဆင့်ချင်းဆော့သွားမှသာနိုင်ဖို့က သေချာမှာပါ။

Locked ဖြစ်နေတဲ့ Hero တွေလည်း Mission တွေဆော့ရင်းနဲ့ တဖြည်းဖြည်း Unlock ဖြစ်လာမှာဖြစ်ပါတယ်။ မိတ်ဆွေခန့်မှန်းရလွယ်ပြီး Strategy ချရတာအဆင်ပြေအောင် နောက်တစ်ခုပေးမယ့် Puzzle အတုံးလေးပုံကိုဘေးကပြထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူ Puzzle အတုံးတွေကို Strategy ချတဲ့ပုံစံကိုပါပြထားဉီးမှာဖြစ်ပါတယ်။ အဲ့တော့ ကိုယ်အချခံရတော့မယ်ဆိုရင်ကြိုသိတာပေါ့ဗျာ။ Hero များများပိုင်ဆိုင်တဲ့အခါကျရင် အဖွဲ့ တည်ဆောက်လို့ရပါတယ်။ အဖွဲ့တစ်ခုမှာ တစ်ယောက်ကို Main ထားပြီးကျန်တဲ့ Hero တွေကိုအကူဝင်ချခိုင်းရမယ့် formation ဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး သာမန် Puzzle ဂိမ်းတွေကနေ ကွဲထွက်နေတဲ့အပြင် Action typeပါ ပါဝင်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Puzzle Fighter 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password