
Sport ဂိမ်းဖြစ်တာကြောင့် ဖိုက်ရမှာ မဟုတ်ပဲ အခြားသူတစ်ယောက်နဲ့ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေ နဲ့ မိတ်ဆွေ ရဲ့ပြိုင်ဘက် က ကျွန်းသစ်သားချောင်းပေါ်မှာရပ်ပြီးယှဉ်ပြိုင်ရမှာပါ။ ကျွန်းသစ်သားပေါ်မှာ ရပ်နိုင်ဖို့ ဆိုရင် body တစ်ခုလုံး ဟန်ချက်ညီနေမှအဆင်ပြေမှာပါ။ ဟန်ချက်ပျက်သွားနဲ့ ပြုတ်ကျဖို့ ရာခိုင်နှုန်းကပိုများပါတယ်။
ဒီပြိုင်ပွဲမှာတော့ ဟန်ချက်မညီဘဲ အရင်ပြုတ်ကျသွားတဲ့လူက ရှုံးမှာဖြစ်ပါတယ်။ ဟန်ချက်မညီဘဲ ဘယ်သူအရင်ပြုတ်ကျတာကိုထိုင်စောင့်ပြီးအနိုင်အရှုံးဆုံးဖြတ်မယ့်ဂိမ်းမဟုတ်ပါဘူး။ ပြိုင်ဘက် Body ရဲ့ဟန်ချက်ကိုပျက်အောင်ဖန်တီးပြီး ပြုတ်ကျအောင်လုပ်ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ လက်နှစ်ဖက်ကိုသာအသုံးပြုပြီး ပြုတ်ကျအောင်လုပ်ရမှာပါ။ လက်နှစ်ဖက်နဲ့ ပြိုင်ဖက်ကိုတွန်းပြီပြုတ်ကျအောင်ဖန်တီးရမှာပါ။ မိတ်ဆွေ နဲ့ မိတ်ဆွေရဲ့ပြိုင်ဘက်က အပြန်အလှန်တွန်းနေမှာဖြစ်ပြီးအရင် ပြုတ်ကျတဲ့လူက Game Over ဖြစ်မှာပါ။
ဂိမ်းစစချင်းဝင်ရင် 1P Mode နဲ့ VS Mode ဆိုပြီးရှိနေမှာပါ။ 1P Mode ကမိတ်ဆွေတစ်ယောက်တည်းဆော့ရမှာဖြစ်ပြီး VS Mode ကတော့ သူငယ်ချင်းတွေနဲ့ Multiplayer ဆော့နိုင်မှာပဲဖြစ်ပါတယ်။
1P Mode ထဲမှာ Easy, Normal, Hard, Very Hard, Expart ဆိုပြီး Option တွေရှိနေမှာပါ။ Easy နဲ့ Normal ထဲမှာ Stage 7 ခုပါဝင်မှာဖြစ်ပါတယ်။ Stage 7 ခုဆိုတော့ 7 ပွဲဆော့ရမှာဖြစ်ပြီး တစ်ပွဲကို Character တစ်ယောက်ဆီနဲ့တွေ့ရမှာပါ။ ကျန်တဲ့ Hard, Very Hard, Expart မှာတော့ Stage က 7 ခုအထက်မှာရှိပါတယ်။ စစချင်းမှာ Easy Option သာ unlock ဖြစ်နေတာကိုတွေ့ရမှာပါ။ Easy က Stage 7 ခုနိုင်ပြီးရင် Normal unlock ဖြစ်မယ်၊ Normal က Stage 7 ခုပြီးရင် Hard unlock ဖြစ်မယ်၊ အဲ့လိုပုံစံနဲ့ မိတ်ဆွေက Option တွေအကုန် Unlock လုပ်သွားရမှာဖြစ်ပါတယ်။
ဒီဂိမ်းထဲမှာ Chracter တွေလည်းတော်တော်များများပါဝင်ပါတယ်။ ပါဝင်တဲ့ Character က 7 ယောက်ပါ၊ Sho, Robert, Isaac, Paul, Terry, Steve, Jack စတဲ့ 7 ယောက်ပါ။ Attack, Speed, Defense တွေဘယ်လောက်ကောင်းလဲဆိုတာ Character တစ်ယောက်ချင်းစီရဲ့ ဘေးနားလေးမှာ Chart လေးနဲ့ပြထားပေးပါတယ်။ စစချင်းမှာ Sho တစ်ယောက်ပဲမိတ်ဆွေဆီမှာရှိမှာဖြစ်ပါတယ်။ ကျန်တဲ့ Character တွေကိုတော့ မိတ်ဆွေက မိမိကိုယ်တိုင် Unlock လုပ်ရမှာပဲဖြစ်ပါတယ်။ In-Game က ပိုက်ဆံနဲ့ Unlock လုပ်ရမှာပါ။
Free To Play ပါ။ Sport ဂိမ်းအမျိုးအစားဖြစ်ပြီး Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ ကစားနိုင်ပါတယ်။ VS mode မှာသူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကစားနိုင်ပြီး ဆော့လို့ကောင်းတဲ့ Sport ဂိမ်းတွေထဲကတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Image Source :
https://play.google.com/store/apps/details?id=jp.ryoshirakawa.PushingHands