News

မကြာခင်မှာ ထွက်ရှိလာတော့မယ့် PUBG Mobile ရဲ့ Zombies Mode

PUBG Mobile ရဲ့ Zombie mode ကို update 0.11.0 update နဲ့အတူထွက်ရှိလာမယ်လို့ သိရပါတယ်။ Resident Evil နဲ့ပေါင်းစပ်ထားတဲ့ mode ဆိုတော့ အထွေအထူးပြောနေစရာမလိုအောင် ဖုတ်ကောင်တွေနဲ့ ဝုန်းရမယ်ဆိုတာ အားလုံးပဲ သိပြီးသားဖြစ်မှာပါ။ ထွက်ရှိလာခဲ့တဲ့ ဗီဒီယို အရ PUBG Mobile ရဲ့ Zombie mode က ရှေ့လ ဖေဖော်ဝါရီမှာ ထွက်ရှိမယ်လို့ သိရပါတယ်။

အတိအကျပြောရမယ်ဆိုရင် PUBG Mobile zombies mode ကဖေဖော်ဝါရီလ ၁၀ရက်မတိုင်ခင်မှာ အသုံးပြုသူတွေထံရောက်ရှိလာမှာပါ။(တရားဝင်ထွက်ရှိထားတဲ့ သတင်းမဟုတ်တဲ့အတွက် ဒီကြားထဲမှာ ပြောင်းလဲသွားနိုင်တာတွေလည်း ရှိပါတယ်။)

Zombies mode ထဲမှာ PUBG က Resident Evil 2 နဲ့အတူပေါင်းစပ်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ကို ဇန်နဝါရီ ၂၅တုန်းက PS4 , Xbox One နဲ့ Windows PC တို့မှာ စတင်ကစားနိုင်ခဲ့တာပါ။ အဲ့တာကြောင့် သူတို့ဆီမှာ ကစားဖူးတယ်ဆိုရင်တော့ Zombies Mode နဲ့လုံးဝကို ရင်းနှီးနေမှာပါ။ Zomebies Mode က Battle Royale ဂိမ်း ပရိသတ်တွေအတွက် ပျော်ရွှင်စရာတွေကို ပေးစွမ်းနိုင်မှာဖြစ်လို့လုံးဝကို ကစားကြည့်သင့်တဲ့ Mode တစ်ခုဖြစ်ပါတယ်။

PUBG battle royale ဂိမ်းကို ခြောက်ခြားထိတ်လန့်ဖွယ် Resident Evil 2 က ဇွန်ဘီတွေနဲ့ မြင်တွေ့ရမှာဆိုတော့ တကယ့်ကို လန်းနေမှာတော အသေအချာပါပဲ။ Zombies Mode ရောက်လာတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ ကစားကြည့်ဖို့ မမေ့ပါနဲ့နော်။ အခုအချိန်မှာတော့ Tencent က PUBG Mobile 0.11.0 zombies mode ကို ဘယ်အချိန်မှာ ထုတ်ပေးမှာလဲ အတိအကျတော့ မဖော်ပြထားသေးပါဘူး။ဖေဖော်ဝါရီလထဲမှာ ထွက်မယ်ဆိုတာကတော့ သေချာသလောက်ရှိနေပါတယ်။

PUBG က update အသစ်တွေကို ကစားသမားတွေအတွက် အမြဲတမ်း မကြာခဏလုပ်ပေးနေတာကြောင့် သူ့အတွက် update ဆိုတာ အထူးအဆန်းကြီးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်အခုတစ်ခေါက် Zombies Mode ကိုတော့ လုံးဝကို လက်မလွှတ်သင့်ပဲ ကစားကြည့်သင့်တယ်နော်။

source-https://gadgets.ndtv.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password