NewsReviews

PUBG Mobile ရဲ့ ဇွန်ဘီး Mode “Survive Till Dawn” ကို ကစားနေပြီလား?

နောက်ဆုံးမှာတော့ Android အတွက် PUBG Mobile ရဲ့ ဇွန်ဘီ Mode “Survive Till Dawn” ကို ကစားလို့ ရခဲ့ပါပြီ။ ဒီအကြောင်းကို မထွက်ခင် တစ်လလောက်တည်းက အက်မင် ကြိုပြီး မိတ်ဆက်ပေးထားလို့ သိပြီးကြမှာပါ။ အခုသူလေး ထွက်လာပြီဆိုတော့ ဘယ်လို ပုံလေးလဲ ပြောပြမယ်နော်။ Resident Evil 2 ပုံစံဖြစ်သွားမှာဆိုတော့ သွေးသံရဲရဲနဲ့ ကြောက်ဖို့တွေတော့ စွန်းကောင်းနေမှာပါ။XD

Survive Till Dawn က Resident Evil 2 ကို inspiration ယူထားတဲ့ mode တစ်ခု ဖြစ်ပါတယ်။ သူ့ထဲမှာ player က ပုံမှန် ကစားနေကျအတိုင်း အသက်ရှင်ဖို့အတွက် တိုက်ခိုက်ရမှာပါပဲ။ ဒါပေမယ့် Resident Evil 2 ထဲက ဇွန်ဘီတွေနဲ့ boss တွေကတော့ မြေပုံပေါ်မှာ ပေါက်ပွားနေမှာပါ။

Resident Evil 2 က ဇွန်ဘီတွေ ဘော့စ်တွေနဲ့ ညဘက်တွေမှာ အသက်ရှင်သန်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။ Survive Till Dawn ကို အချိန်အကန့်အသက်နဲ့သာ ကစားလို့ရမှာဖြစ်ပါတယ်။ Update ထဲမှာ Resident Evil 2 ရဲ့ မီနူး Theme ၊ Quick Match အတွက် Arcade mode မှာကစားနိုင်မယ့် Sanhok အပြင် moonlight on Vikendi တို့ပါ ပါဝင်ပါတယ်။ Survive Till Dawn မှာ Resident Evil 2 ထဲက ပုံရိပ်တွေကိုသာမက အသံပိုင်းကိုပါ ခံစားနားဆင်နိုင်မှာ ဖြစ်လို့ တကယ့်ကို Wow..ပါပဲနော်။ ဘယ်လို ဒေါင်းလုတ်လုပ်ရမလဲဆိုတာလေးကို အောက်မှာဖော်ပြထားပါတယ်။

အရင်ဆုံး Play Store သို့ App Store ကိုသွားလိုက်ပါ။ ပြီးရင် ကိုယ်ဒေါင်းလုတ်လုပ်ထားတဲ့ PUBG app ကို update လုပ်လိုက်ပါ။ ဖိုင်အရွယ်အစား 493 MB လောက်ထိရှိလို့ Wifi သုံးစေချင်ပါတယ်။ အဲ့အဆင့်ပြီးရင် app လေးကို ဖွင့်ပြီး ဒုတိယ quick update လေးကို လုပ်လိုက်ပါ။ သူကတော့ 12MB လောက်ရှိပါလိမ့်မယ်။ အားလုံးပြီးသွားရင် ဂိမ်းက shut down ဖြစ်သွားပါလိမ့်မယ်။ ဖွင့်ပြီး ပြန်ဝင်လိုက်ပါ။အဲ့ကျရင်တော့ Survive Till Dawn ကို အပြည့်အဝ ကစားလို့ရပါပြီ။

Source- https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password