ArticleNews

Google Playstore ဆီက “Best Game”နဲ့”Fan Favorite” ဆုနှစ်ခုကိုသိမ်းပိုက်ခဲ့တဲ့ PUBG mobile

Download ဆွဲသူဉီးရေ ၁၀၀ မီလီယံကျော်၊ ၈ မီလီယံကျော် review ကနေ Rating 4.5/5 ရရှိထားတဲ့ PUBG mobile ဟာတော့ Google Playstore ကသတ်မှတ်ထားတဲ့ ၂၀၁၈ ရဲ့ Best Game ဆုကိုရရှိခဲ့သလို Fan voting စနစ်အရပေးအပ်မှုမှာလည်း ထိပ်ဆုံးအထိရောက်ရှိခဲ့တာကြောင့် ၂၀၁၈ Fan Favorite ဆိုပြီးတော့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဘယ်လိုပဲ PUBG mobile နဲ့ပုံစံတူ Battle Royale ဂိမ်းတွေ Playstore မှာ ထုတ်လုပ်နေနေ အခုရလဒ်က ဘယ်လိုကောင်းနေတဲ့ အတုဖြစ်ပါစေ၊ အစစ်ကိုမယှဉ်နိုင်ဘူးဆိုတာ သက်သေပြသွားသလိုပါပဲ။

(Note: စာရေးသူသည် PUBG fan မဟုတ်ပါ။ 😅)

စိတ်ထဲမှာရှိတဲ့အတိုင်းပြောရရင် ဒီယှဉ်ပြိုင်မှုမှာ Fortnite mobile ပါ ပါလာရင်တော်တော်လေးကိုပိုကြည့်ကောင်းမှာပါ။

အားလုံးသိတဲ့အတိုင်း Fortnite ဟာ iOS, PC, Console အစရှိတဲ့တခြား Platform တွေမှာအောင်မြင်မှုအခိုင်အမာရရှိထားတဲ့ Battle Royale ဂိမ်းဖြစ်ပေမယ့် Android ဘက်မှာတော့ Beta version ပဲရှိနေသေးတာရယ်၊ Device ရွေးချယ်မှုရှိနေတာရယ်၊ Playstore မှာမတင်တာရယ်၊ အနည်းငယ်စျေးကိုင်နေတာရယ်၊ Download ဆွဲရာမှာ Bug ရှိနေခဲ့တာရယ် စတာတွေကြောင့် PUBG mobile ကိုပြိုင်ဖို့ထက် Android user တွေကြားမှာ နေရာရအောင် တိုးဝင်နေရတဲ့အနေအထား တစ်ခုပဲရှိနေသေးတာဖြစ်ပါတယ်။ ဆိုပေမယ့် Epics ဟာ Fortnite ကို android user တွေအားလုံးဆော့ကစားနိုင်အောင် လာမယ့်အချိန်တွေမှာဖန်တီးပေးသွားမယ်လို့ fan တစ်ယောက်အနေနဲ့ယုံကြည်နေဆဲပါ။ 😅)

အခုလောလောဆယ်တော့ Congratz ပါ “PUBG mobile” ရေ 😋)… အောက်က လင့်ခ်ကတော့ PUBG နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာဆောင်းပါးလေးတွေဖြစ်ပါတယ်။

Related article >> Chicken dinner အမြဲစားချင်တဲ့ PUBG player တွေသိထားသင့်တဲ့အခြေခံအချက်များ

Related article >> Free Fire နဲ့ PUBG mobile မှာဘယ်ဂိမ်းကဘယ်လိုအားသာချက်တွေရှိနေလဲ?

Related article >> PUBG Mobile Lite က PUBG Mobile နဲ့ယှဉ်ရင်ဘယ်အချက်တွေသိသိသာသာကွာဟသွားလဲ ?

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password