Features

PUBG Mobile Lite က PUBG Mobile နဲ့ယှဉ်ရင်ဘယ်အချက်တွေသိသိသာသာကွာဟသွားလဲ ?

Battle Royale ဂိမ်းကြီးတွေရဲ့ယှဉ်ပြိုင်မှုလို့ပဲပြောရမလား… ပြီးခဲ့တဲ့အပတ်က Fortnite အနေနဲ့ Android beta version ကိုခြေလှမ်းအသစ်တစ်ခုအနေနဲ့ လှမ်းလိုက်သလို PUBG ကလည်း PUBG mobile Lite ဆိုပြီး ခြေလှမ်းအသစ်တစ်ခုကိုလှမ်းလိုက်ပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ Low-end စမတ်ဖုန်း user တွေအတွက် ခြေလှမ်းအသစ်လှမ်းထားတဲ့ Tencent ရဲ့ PUBG mobile lite ဟာ မူရင်း PUBG mobile နဲ့သိသိသာသာကွာဟသွားတဲ့အချက် (၄) ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကို မဖော်ပြခင် တစ်ခုပြောစရာရှိတာက PUBG Mobile Lite ဟာလက်ရှိမှာ ဖိလစ်ပိုင် server မှာပဲကစားလို့ရပါသေးတဲ့အကြောင်းပါ။ အကယ်၍ မရတော့ဘူး အရမ်းကစားချင်နေပြီ ဆိုရင်တော့ ဖိလစ်ပိုင် VPN ကိုကျော်ခွပြီး Download ဆွဲ ကစားရမှာပဲဖြစ်ပါတယ်နော် 😂)

  • Application size

PUBG Mobile Lite ဟာ low-end စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့ version ဖြစ်နေတာကြောင့် PUBG mobile နဲ့ ပထမဉီးဆုံး အဓိကကွာဟသွားမဲ့အချက်ကတော့ app အရွယ်အစားပဲဖြစ်ပါတယ်။ PUBG Mobile ရဲ့ app အရွယ်အစားက 1.8GB နီးပါးလောက်ရှိနေပြီး PUBG mobile Lite ကတော့ 338MB သာရှိနေတာဖြစ်ပါတယ်။

  • Graphics

အနည်းငယ်အားနည်းသွားတယ်လို့ပဲပြောရမလား/ ပုံမှန်အနေအထားလောက်လို့ပဲပြောရမလား…. PUBG mobile lite ဟာ RAM 2GB အောက် low-end device တွေနဲ့ကိုက်ညီအောင်လုပ်ထားရတာဖြစ်တာကြောင့် Graphics setting တိုးမြှင့်နိုင်တဲ့ option မပါဝင်ပါဘူး။ Default ကိုလည်း low မှာတစ်ခါတည်း ချိန်ထားပေးပြီးသားဖြစ်တာကြောင့် မိတ်ဆွေအနေနဲ့ low graphic နဲ့ပဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Graphics နဲ့ပတ်သက်လို့ ဇီဇာအနည်းငယ်ကြောင်တဲ့ player တွေအတွက် သိပ်အဆင်မပြေဖြစ်ပေမယ့် ကြည့်လို့အဆင်ပြေတဲ့ graphics လောက်ဆိုရပြီဆိုတဲ့ Player အတွက်ကတော့ ကြီးမားတဲ့ ထိခိုက်မှုတစ်ခုတော့မဟုတ်ဘူးလို့ဆိုရမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း Graphics ပိုင်းမှာဘယ်လောက်အနေအထားအထိလောက် ကွာသွားမလဲလို့ PUBG mobile lite gameplay လေးတွေလိုက်ကြည့်သေးတယ်ဗျ၊ ကြည့်လို့အပြီးကျွန်တော့် ခံစားမှုအရတော့ Graphics ပိုင်းကအရမ်းကြီးမကွာသွားဘူးလို့ဆိုချင်ပါတယ်။

  • Game modes

PUBG Mobile Lite ဟာတော့ PUBG Mobile နဲ့ယှဉ်ရင် game mode တွေကအနည်းငယ်နည်းနေမှာဖြစ်ပါတယ်။ PUBG mobile lite မှာဆိုရင် Class mode ထဲမှာမှ Solo, Duo, နဲ့ Squads အစရှိတဲ့ ၃ မျိုးကိုသာဆော့ကစားနိုင်မှာပါ။ Map အသစ်နဲ့ Arcade mode, War mode နဲ့ FPP (first-person perspective) ကိုတော့ နောက်ထွက်မယ့် update မှာ Tencent မှာဖန်တီးပေးသွားဖို့တော့ မျှော်လင့်ရတာပဲဗျ….

  • Maps and Players

PUBG mobile မှာတော့ မိတ်ဆွေအပါအဝင် Player အယောက် ၁၀၀ နဲ့ ဆော့ကစားသွားရမှာဖြစ်ပေမယ့် PUBG mobile lite မှာတော့ မိတ်ဆွေအပါအဝင် Player အယောက် ၄၀ နဲ့ဆော့ကစားသွားရမှာပဲဖြစ်ပါတယ်။ ဆိုတော့ ကစားရမယ့်အချိန်က နည်းသွားမှာဖြစ်သလို Chicken dinner ကိုလည်း ပိုပြီးမြန်မြန်စားနိုင်တော့မှာပါ။

Player ပါဝင်မှုနည်းသွားသလို Map ကလည်း သိသိသာသာသေးသွားတာကိုတွေ့ရမှာပါ။ PUBG mobile မှာပါတဲ့ Erangel Map ထက်ကို ထက်ဝက်နီးပါးလောက်သေးသွားပါတယ်။ ဒါပေမယ့် Map မှာပါဝင်တဲ့ Vehicle တွေ၊ ရေပြင်တွေ အစရှိတာအားလုံးကတော့ပါဝင်ဉီးမှာဖြစ်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ PUBG Mobile နဲ့ PUBG Mobile Lite တို့ရဲ့ကွာဟချက်တွေပဲဖြစ်ပါတယ်။ App size မှာတင် PUBG Mobile lite ကိုကြွေသွားပြီမလား 🤣)… လက်ရှိမှာတော့ ဖိလစ်ပိုင် server မှာပဲဆော့ကစားနိုင်မှာဖြစ်ပြီး အိန္ဒိယ server ကိုတော့ နောက်တစ်ပတ်လောက်မှာရောက်မယ်လို့ သိရပါတယ်။ Server အားလုံးမှာကစားနိုင်ဖို့ Tencent ကိုအချိန်နည်းနည်းတော့ ပေးရဉီးမယ်နဲ့တူပါတယ်။

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: