News

App Store မှာ ဇန်နဝါရီအတွင်း ‘Fortnite’ ရဲ့ နေရာကို လုယူသွားတဲ့ ‘PUBG’

Sensor Tower ရဲ့စစ်တမ်းအရ ပြီးခဲ့တဲ့လမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ Fortnite ရဲ့ iOS ဗားရှင်းမှာ ကစားသမားတွေ သုံးတဲ့ ငွေပမာဏထက် PUBG Mobile က ကျော်လွန်သွားတယ်လို့ သိရပါတယ်။PUBG Mobile မှာ ကမ္ဘာတစ်ဝှမ်း spending အနေနဲ့ ဒီဇင်ဘာလမှာ ၂၄ရာခိုင်နှုန်း အထိ တိုးတတ်ခဲ့ပြီး App Store နဲ့ Google Play တို့မှာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၄၅.၂သန်းထိ player တွေသုံးခဲ့တယ်လို့သိရပါတယ်။

နှိုင်းယှဉ်ချက်ထဲမှာ Apple နဲ့ Android က PUBG Mobile ဗားရှင်းတွေကို ထည့်တွက်ထားပေမယ့် Fortnite အတွက်တော့ Android က ဟာကို တွက်တာမဟုတ်ပဲ Epic Games က တိုက်ရိုက် ဒေါင်းလုတ်လုပ်ထားတဲ့ဟာကိုတစ်ခုတည်းကိုပဲ တွက်ထားတာဖြစ်ပါတယ်။ ဒါကလည်း Epic Games က Fortnite ကို Google Play Store မှာ မတင်တာကြောင့်ပါ။ Player တွေ Fortnite မှာ သုံးခဲ့တဲ့ ငွေကြေးပမာဏ စုစုပေါင်းကတော့ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၃၇.၉သန်းပဲ ဖြစ်ပါတယ်။ ဒါကလည်း PUBG ရဲ့ Android/iOS ဗားရှင်းနှစ်ခုကို Fortnite ရဲ့ iOS ဗားရှင်းတစ်ခုတည်းက ယှဉ်ရတာကြောင့်လည်းပါမှာပေါ့နော်။ Fortnite ကို Android နဲ့ ကစားနိုင်တဲ့သူ မရှိသလောက်ကို ရှားပါတယ်။

Fortnite က ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီး သူ့ရဲ့ ရှိရင်းပမာဏကနေ ၄၅ရာခိုင်နှုန်းထိ ဝင်ငွေလျော့သွားတာပါ။ ခုလို ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ ပုံမှန် ဒီဇင်ဘာလ အားလပ်ရက်တွေမှာ Fortnite ကစားပြီး အချိန်ကုန်တဲ့ လူငယ် အရေအတွက် လျော့နည်းသွားတာကြောင့်လို့သိရပါတယ်။ဒီ အခြေအနေကို သုံးသပ်ကြည့်ရရင် လူငယ်တွေ battle royale ဂိမ်းတွေပေါ်မှာ အာရုံစိုက်မှု လျော့နည်းလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

PUBG Mobile နဲ့ Fortnite တို့ဟာ သူတို့ရဲ့ရှိရင်းစွဲ ပရိသတ်တွေကို စွဲဆောင််နိုင်ဖို့အတွက် အပြန်အလှန် လုံးပန်းနေရင်း PUBG က Fortnite ထက် မသိမသာလေး ပိုသွားတာဖြစ်ပါတယ်။ စုစုပေါင်းဝင်ငွေ အရ တွက်ကြည့်မယ်ဆိုရင်တော့ Fortnite က iOS တစ်မျိုးတည်းနဲ့တင်ကို PUBG ထက်ပိုပြီးသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် PUBG ဘက်က Fortnite ကို ကျော်နိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားဖို့ အဝေးကြီး လိုပါသေးတယ်။ ဖိုက်တင်းပါ… PUBG ရေ…update အသစ်တွေ မျှော်လင့်နေပါသေးတယ်နော်…B)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password