News

PUBG Mobile.. Android ရော iOS မှာပါ Official ထွက်ပြီ

ကဲ.. လနဲ့ချီပြီးစောင့်ခဲ့ရတဲ့ PUBG Mobile ကတော့ နောက်ဆုံးတော့ Official Release လုပ်လိုက်ပါပြီ။ အရင်ရက်ပိုင်းတုန်းက Android မှာပဲဆော့လို့ရသေးတော့ ပန်းသီးသမားတွေ အမှန်အကန် J ဝင်ခဲ့ကြတယ်ဟုတ်။ ခုတော့ အဲဒါတွေကို ဘေးခေါက်ထားလိုက်လို့ရပါပြီ။ 😁

Official Release သတင်းကြားကြားချင်းပဲ ပြေးဒေါင်းပြီး ဆော့ကြည့်လိုက်ပါတယ်။ တော်တော်အဆင်ပြေတယ်လို့ပြောလို့ရပါတယ် (Keyboard နဲ့ Mouse ကို လွမ်းမိတာကလွဲရင်ပေါ့ 🤣)။ Ping ကလည်း Asia Server မှာဆော့ရင် 80-100 ms ကြားလောက်မှာငြိမ်ပါတယ် (MPT နဲ့စမ်းတာပါ)။ ပထမဆုံးဆော့တဲ့ပွဲကတော့ ဘယ်ခလုပ်ဘယ်နားရှိတယ်ဆိုတာ လိုက်ကြည့်နေတာနဲ့တင်ပြီးသွားပါတယ်။ အကြည့်ကောင်းလို့လည်း ဘေးကနေတေ့ပစ်တာ ခံလိုက်ရပါသေးတယ်။ ဒုတိယပွဲနဲ့နောက်ပိုင်းကတော့ တော်တော်အဆင်ချောသွားပါတယ်။ အကြံပေးချင်တာတစ်ခုကတော့ အခြား FPS ဂိမ်းတွေနည်းတူ ရန်သူ့ခြေသံကြားရအောင် နားကြပ်တပ်ပြီးဆော့ပါလို့။ အသံစနစ်က တော်တော်ကောင်းတာမို့ ဘယ်သူဘယ်နားကလာနေတယ်ဆိုတာ ခန့်မှန်းတဲ့နေရာမှာ အများကြီးအထောက်အကူပြုပါလိမ့်မယ်။

တစ်ခုရှိတာက လောလောဆယ်အချိန်မှာ US နဲ့ Canada Store တွေပေါ်မှာပဲရရှိဦးမှာပါ။ ကျန်တဲ့ Region တွေကို ဖြည်းဖြည်းချင်းဖွင့်သွားပေးမယ်လို့ ဆိုထားပါတယ်။ Android သမားတွေကတော့ ကျော်ခွပြီးဒေါင်းလို့ရပေမယ့် ပန်းသီးသမားတွေကတော့ US နဲ့ Canada Account မရှိရင် ခဏစောင့်ရဦးမှာပါ။ ကျွန်တော့်ရဲ့ Account တွေနဲ့စမ်းကြည့်တာကတော့ US, Canada နဲ့ Philippines Store တွေမှာ ရှာတွေ့ပြီး Japan Store မှာမရှိပါဘူး။ အဲဒီတော့ ကမ္ဘာတစ်ဝန်းလုံးကို release မလုပ်ရသေးဘူးလို့ ယူဆလို့ရနိုင်ပါတယ်။

ကစားချင်တဲ့ညီကိုတွေအတွက် အောက်မှာ Download Link တွေပေးထားပါတယ်။ အားလုံးပဲ “Winner Winner Chicken Dinner” စာတန်းလေးကို မြင်တွေ့နိုင်ကြပါစေလို့…

Download Links

Android
iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: