News

Playstore ပေါ်ရောက်ရှိနေပြီဖြစ်တဲ့ Beta PUBG Mobile

Tecent ကတော့ PUBG mobile အတွက် Beta version ကို Playstore ပေါ်မှာ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဆိုတော့ အခု Playstore ပေါ်မှာ PUBG mobile နဲ့ Beta PUBG mobile ဆိုပြီး ၂ ခုဖြစ်သွားပါပြီ။ (မရောသွားပါနဲ့။) ကျွန်တော်တို့ လက်ရှိဆော့ကစားနေတာကတော့ Original version ဖြစ်ပြီး Tecent က Android အတွက် အသစ်ထုတ်ပေးထားတာကတော့ Beta version ပါ။

Beta version ကဘာလုပ်ဖို့လဲ ?

Beta version ကတော့ နောက်လာမယ့် Update မှာပါဝင်တဲ့ Feature အသစ်တွေကို စမ်းသပ်ဆော့ကစားနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အလယ်လောက်ကထွက်ရှိခဲ့တဲ့ 0.6.0 update အသစ်ဟာတော်တော်လေးကြီးတာကို Player တွေတော်တော်များများသတိထားမိမှာပါ။ အဲ့လို ကြီးမားတဲ့ update မှာပါဝင်လာမယ့် Feature အသစ်တွေ၊ Interface အသစ်တွေကို Tecent အနေနဲ့ Beta version ကိုထည့်သွင်းပေးထားမှာပဲဖြစ်ပါတယ်။ အဲ့တော့ PUBG mobile ဆော့ကစားသူတွေအနေနဲ့ နောက်လာမယ့် update မှာပြောင်းလဲသွားမယ့် အရာတွေကို Beta PUBG Mobile ဆော့ကစားပြီး အရင်ဉီးဆုံးသိရှိနေမှာပါ။

အခု Beta PUBG Mobile မှာလည်းနောက်ထပ်ကြီးမားတဲ့ update တစ်ခုဖြစ်တဲ့ 0.7.0 version မှာပါဝင်မယ့် Feature အသစ်တွေ၊ Interface အသစ်တွေကိုဖော်ပြထားပါတယ်။ (0.7.0 update ထွက်ရှိမယ့်ရက်ကတော့ တရားဝင်ကြေညာထားခြင်းမရှိပါဘူး။).. 0.7.0 update ရဲ့ပြောင်းလဲမှုအသစ်တွေကတော့ Arcade mode မှာဆိုရင် Quick Match, Sniper Training အပြင် “War” ဆိုတဲ့ option တစ်ခုတိုးလာမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လက်နက်အသစ်တစ်ခုပါ၊ SLR အမည်ရှိတဲ့ Sniper Rifle တစ်လက်တိုးလာမှာပါ။

နောက်ဆုံးတစ်ခုကတော့ Portable Closest feature ပါဝင်လာတာဖြစ်ပါတယ်။ Portable Closest feature ကြောင့် Player တွေအနေနဲ့ တိုက်ခိုက်နေစဉ်ကာလအတွင်းမှာပဲ Outfit အမျိုးမျိုးကိုပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲမှုတွေကို မိတ်ဆွေအနေနဲ့ Beta PUBG စမ်းသပ်ဆော့ကစားနိုင်ပါပြီ။

မိတ်ဆွေအနေနဲ့ အခုလိုမျိုး PUBG ရဲ့ update အသစ်တွေမှာ ပြောင်းလဲသွားမယ့် အရာတွေကို ဉီးဆုံးစမ်းသပ်ဆော့ကစားကြည့်ချင်တယ်ဆိုရင်တော့ Beta PUBG mobile ကို download ဆွဲထားဖို့တော့လိုပါလိမ့်မယ်။ တစ်ခုရှိတာ Beta PUBG ဟာ Beta version ဖြစ်နေတာကြောင့် Original version ကလိုမျိုး ကိုယ်ပိုင် အကောင့်နဲ့ ဆော့ကစားနိုင်မှာမဟုတ်ပဲ Guest option နဲ့သာကစားလို့ရမှာဖြစ်ပါတယ်။

Download link – Beta PUBG Mobile (Android)

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: