ArticleNews

PUBG mobile ဆီ beta အနေနဲ့ရောက်ရှိလာပြီဖြစ်တဲ့ Vikendi Map အသစ် – version 0.10.0

ကျွန်တော်တို့စောင့်မျှော်နေတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ Vikendi Map (Beta) အသစ်ကတော့ PUBG mobile version ဆီပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညလောက်က ကျွန်တော်တို့ဖော်ပြခဲ့တဲ့အတိုင်း ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Fan တွေဟာ အဲ့အရှေ့က PUBG mobile update တစ်ခုမှာ Vikendi Map ပါဝင်လာဖို့မျှော်လင့်ခဲ့ကြပေမယ့် မျှော်လင့်သလိုဖြစ်မလာပဲ တရုတ်ကြီး Tencent က ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၀ ရက်နေ့မှထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။

10.0 version update နဲ့အတူ Vikendi Map အသစ်ကပါဝင်လာတာဖြစ်ပါတယ်။ Vikendi Map ရဲ့ File size အရွယ်အစားဟာ 143.3MB ဖြစ်ပြီး Map နေရာအကျယ်အဝန်းကတော့ 6km x 6km ရှိနေပါတယ်။ ဆိုတော့ Vikendi Map ရဲ့အရွယ်အစားဟာ 8km x 8km အရွယ်အစားဆီရှိတဲ့ Erangel, Miramar ထက်သေးငယ်နေမှာဖြစ်ပြီး 4km x 4km အရွယ်အစားသာရှိတဲ့ Sanhok ထက်တော့ကြီးနေတာကိုတွေ့ရမှာပါ။ Map ရဲ့ Lobby (သို့) Spawn island မှာ နှင်းဘောလုံးပစ်နိုင်မှာတွေ၊ အေးခဲနေတဲ့ပတ်ဝန်းကျင်နဲ့ နှင်းထူထပ်နေတဲ့ အိမ်တွေ တွေ့ရမှာတွေ၊ Snowmobile ဆိုတဲ့ vehicle အသစ်တစ်ခုပါလာတာတွေ အစရှိတာတွေကတော့ Vikendi Map ရဲ့ထူးခြားချက်တွေပဲဖြစ်ပါတယ်။

Update အသစ်မှာ Vikendi Map ပါဝင်လာသလိုနောက်ထပ်ထူးခြားတာကတော့ Matchmaking အပိုင်းပါ။ Matchmaking မှာ Cross server ပုံစံမျိုးလုပ်ထားတဲ့အတွက် Server တစ်ခုတည်းမဟုတ်ပဲ Server ပေါင်းစုံက player တွေနဲ့ဆော့ကစားရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့် Battle Ground မှာ bot ပါဝင်မှုနည်းသွားပြီး ဆော့ရတာပို မိုက်လာမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Hacker တွေကင်းရှင်းအောင် security ပိုင်း update လုပ်ထားသေးတာဖြစ်တာမို့ မိတ်ဆွေအနေနဲ့ Hacker ကင်းစင် Battle ပြင် ကြီးထဲမှာဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။ ?)

ကြိုက်သွားရင် အခုပဲ update လုပ်လိုက်ပါတော့ မိတ်ဆွေတို့! စကားမစပ် ဆုကြေး USD 5000 ချီးမြှင့်မယ့် ပြည်တွင်း PUBG mobile ပြိုင်ပွဲရှိသေးတယ်နော်။ ၂၂ ရက်နေ့ register ပိတ်တော့မှာမို့ အဲ့ဒါကိုလည်း အမြန်ဆုံး register လုပ်ထားဖို့တော့လိုအပ်ပါလိမ့်မယ်။

Download/ update link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password