News

ဖုန်းအဟောင်းတွေ နဲ့ RAM နိမ့်ဖုန်းတွေအတွက် အဆင်ပြေစေမယ့် PUBG Mobile Lite

PUBG Mobile ကို ဖုန်းအမျိုးအစားအားလုံးနဲ့ အဆင်ပြေပြေ ကစားနိုင်ဖို့အတွက် Tencent က ပြုလုပ်ပေးပြီးသားပါ။ စတင်ထွက်ရှိကတည်းက အခုအချိန် အထိကို အဆင့်မြင့်တင်မှု (update) တွေ အများကြီးနဲ့ ထွက်ရှိလာခဲ့တဲ့ PUBG ဂိမ်းဟာ ဖုန်း အမျိုးအစားတော်တော်များများမှာလည်း ကောင်းကောင်း run တယ်လို့ ကြားပါတယ်။ အမျိုးအစားနိမ့် RAM နိမ့်ဖုန်း အချို့မှာတော့ သိပ်ပြီး မ run နိုင်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Tencent က အဆိုပါ ဖုန်းတွေရဲ့ ပြဿနာကို PUBG Mobile Lite ဆိုတဲ့ ဗားရှင်းအသစ် ကို ထုတ်လုပ်ပြီး ဖြေရှင်းပေးလိုက်ပါပြီ။ PUBG Mobile Lite ဆိုတာကတော့ battle royale ရဲ့ ပိုပြီးမြန်ဆန်တဲ့ faster-paced version အသစ် တစ်ခုဖြစ်ပါတယ်။

Wow!!! Devices အဟောင်းတွေ.. RAM နိမ့်ဖုန်းတွေ… တန်ဖိုးနိမ့်ဖုန်းတွေအတွက်တောင် သူတို့ရဲ့ ဂိမ်း ကို အဆင်ပြေပြေ ကစားနိုင်ဖို့အတွက် စဉ်းစားပေးတဲ့ PUBG ရဲ့ စေတနာကတော့ လုံးဝကို လေးစားစရာကြီးနော်ဘော်ဘော်တို့ရေ 😛)

  Lowe end devices တွေအတွက် PUBG Mobile Lite မှာ ဘယ်လိုကောင်းကွက်တွေရှိလဲ ???

Lite ထဲမှာ သင်က player ၁၀၀ ထက်စာရင် player ၄၀ နဲ့ပဲတွေ့ရမှာဖြစ်ပါတယ်။ မြေပုံက လည်း အရင်ကထက်ပိုပြီးသေးသွားမှာပါ။ အဲ့တာကြောင့် ပြိုင်ဘက်ကို ပစ်ဖို့အတွက် ဟိုဟိုဒီဒီလိုက်ရှာ လျှောက်ပတ်ပြေးပြီး ကြိုးစားဖို့ မလိုအပ်တော့ပါဘူး။

PUBG Mobile lite ကို Unreal Engine 4 နဲ့ ထုတ်လုပ်ထားတာဖြစ်တာကြောင့် RAM နှုန်းနိမ့် device တွေအတွက် ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ Gameplay ပုံစံက အခြေခံအားဖြင့် PUBG အတိုင်းပါပဲ။ တော်တော်လေးကို ဆင်ပါတယ်။ မူရင်း ဂိမ်းကို file အရွယ်အစား ချုံ့ထားတဲ့သဘောပါ။ သူ့ကို ဖုန်းအဟောင်းတွေနဲ့ ကစားရင်တော့ ပိုပြီးအံဝင်ခွင်ကျဖြစ်စေမှာပေါ့နော်။

အဲ့တာကြောင့် အကယ်၍ သင့်ရဲ့ဖုန်းက RAM အရမ်းနည်းနေတာကြောင့် PUBG ကစားလို့မရပဲ အဆင်မပြေဖြစ်နေတယ်ဆိုရင် အခုပဲ Google Play ကနေ PUBG Mobile lite လေးကို ပြေး download လုပ်ထားလိုက်တော့နော်။ ဖုန်းအဟောင်းတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ဗားရှင်းဖြစ်တာကြောင့် RAM နည်းတဲ့ ဖုန်းပိုင်ရှင်လေးတွေအတွက် တကယ့်ကို အဆင်ပြေစေမယ့် app လေးဖြစ်ပါတယ်။

Download link – Android

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: