News

Age Limit ထည့်သွင်းတော့မယ့် PUBG Mobile

အသက်အရွယ်အပိုင်းအခြားကို category ခွဲပြီး ကစားရမယ့် feature ကို Tencent မှ PUBG Mobile အတွက် မကြာခင်မှာ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေအရ PUBG မှာ Chicken Dinner စားရဖို့အရေး စိတ်အားထက်သန်နေတဲ့သူတွေဟာ လူကြီးတွေထက် လူငယ်တွေများတယ်လို့ တွေ့ရှိရပါတယ်။ ကျောင်းနေအရွယ်ကလေးအများစုဟာလည်း PUBG Mobile ကို စွဲလမ်းနေကြတယ်လို့ သိရပါတယ်။ အဲဒါကြောင့် နောက်ဆက်တွဲအနေနဲ့ နိုင်ငံပေါင်းစုံက အစိုးရတွေဟာ သူတို့ရဲ့ အနာဂတ်မျိုးဆက်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ မျက်စိကျန်းမာရေး အတွက် စိုးရိမ်ပူပန်နေကြပါတယ်။

ဒီနောက်ပိုင်းမှာ တရုတ်အစိုးရကလည်း ပိုပြီးကြပ်မတ်မှုတွေလုပ်လာနေတာကြောင့် Tencent ရဲ့ ဂိမ်းနှစ်ခုဖြစ်တဲ့ PUBG Mobile နဲ့ Honour of Kings တို့ကို ကလေးငယ်များ ဂိမ်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေဆီကနေ ကာကွယ်နိုင်ဖို့ Age Limit နဲ့မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

Age Limit ဆိုတာကတော့ ကလေးငယ်တွေကို မိဘတွေရဲ့ ခွင့်ပြုချက်ရမှ ကစားခွင့်ပြုမယ့် Lock system ကို ပြောတာဖြစ်ပြီး Age Limit နဲ့ညိသူတွေကိုလည်း developer ဖက်ကနေ တောက်လျှောက် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ အခု ဆုံးဖြတ်ချက်ကို “ကလေးတွေ အိပ်ရေးအပျက်ခံပြီး PUBG Mobile ကို ကစားနေတယ်” ဆိုတဲ့ သတင်းရယ် “နိုင်ငံတကာမှကျောင်းသားတွေ သူတို့ရဲ့ ကျောင်းစာအုပ်ထက် PUBG Mobile ကို ကစားတာ ပိုပြီး ခုံမင်နေတယ်” ဆိုတဲ့ သတင်း တွေကြောင့် အကောင်အထည်ဖော်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် Age Limit feature က အရွယ်အရောက်သေးတဲ့ကလေးတွေ PUBG ဂိမ်း အလွန်အကျူးကစားမိနေတာကို လျော့ချပေးနိုင်မှာဖြစ်လို့ အက်မင်ကတော့ ရည်ရွယ်ချက်ကောင်းတစ်ခုလို့ မြင်ပါတယ်။

Source – Sportskeeda

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password