News

PUBG/Fortnite တို့နဲ့ အပြိုင်ဂိမ်းတစ်ခုကို ထုတ်လုပ်ထားတဲ့ Xiaomi

ဒီတစ်ခေါက်မှာတော့ Playon က Xiaomi ပရိသတ် ဘော်ဒါတို့အတွက် သတင်းကောင်းတစ်ခု ပါလာပါတယ်။ ဒီသတင်းက အခြား မိုဘိုင်လ်း device အသုံးပြုသူတွေအတွက်တော့ အကြုံးဝင်မှာ မဟုတ်ဘူး။ Xiaomi fan တွေအတွက်သီးသန့်ပါ။ အဲ့တာကြောင့် Xiaomi fan တွေ လုံးဝ ကျော်မသွားပဲ ဖတ်ကြည့်သင့်တယ်နော်။

PUBG Mobile နဲ့ Fortnite တို့ အပြိုင်ထွက်လာတဲ့ ဂိမ်းနာမည်က Survival game ဖြစ်ပါတယ်။သူက ဖိုင်အရွယ်အစား 185MB ရှိပြီး အခုအချိန်မှာသူ့ကို Mi Apps ကနေ globally ဒေါင်းလုတ် ရယူနိုင်ပါပြီ။ ဂိမ်းရဲ့ beta ဗားရှင်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀၁၈ ကတည်းက ထွက်နေတာပါ။ Xiaomi က Survival game ကို လအနည်းငယ် beta စမ်းသပ်ကစား ခွင့်ပေးပြီးမှ Mi Apps store မှာ တင်ခဲ့တာဖြစ်ပါတယ်။

Xiaomi ရဲ့ Survival game က Tencent ရဲ့ PUBG Mobile နဲ့ Epic Games ရဲ့ Fortnite တို့မှ player အများအပြားကို ဆွဲခေါ်သွားတယ်ဆိုတဲ့ သတင်းတွေတောင်ထွက်နေပါတယ်။ …Woww!!! ဒါဆိုရင် သေချာနေပါပြီ ။ Xiaomi user တွေလုံးဝကို လက်မလွှတ်သင့်တော့ပါဘူး။

Survival Game က Royale mode ကိုအခြခံထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂိမ်းထဲမှာplayer တွေက နောက်ဆုံး player တစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်အထိ ယှဉ်ပြိုင်ရမှာပါ။ Xiaomi က အဆိုပါ ဂိမ်းကို အိန္ဒိယဈေးကွက်ကို ဦးတည်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

အိန္ဒိယဈေးကွက်က Xiaomi အတွက် တရုတ်ပြီးရင် ဒုတိယ အကြီးဆုံးဈေးကွက်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိန္ဒိယ ဈေးကွက်ကို ဦးတည်ထားတာပါ။ဂိမ်းထဲမှာ နောက်ဆုံးကျန်တဲ့ သူက အောင်နိုင်သူဖြစ်မှာပါ။ သူက beta အနေနဲ့ပဲ ထွက်ခဲ့တာဖြစ်တဲ့အတွက် PUBG နဲ့ Fortnite တို့လောက် ပရိသတ်မများသေးပါဘူး။ ခုမှ stable ဗားရှင်း ထွက်ခဲ့တာမို့လို စောင့်တော့ စောင့်ကြည့်ရဦးမှာပါ။ သူ့ကိုစိတ်ဝင်စားရင် ခုပဲဖြစ်ဖြစ် Mi apps Store မှာ ဒေါင်းလုတ် လုပ်ပြီးစမ်းကြည့်သင့်နေပြီနော်… trailer လေးကိုတော့ အောက်မှာ ကြည့်သွားလိုက်ပါ။ B)B)B)

Source- https://www.timesnownews.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password