News

ကစားသူအရေအတွက် သန်း ၄၀၀ ထိရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ PUBG

PlayerUnknown’s Battleground ရဲ့ ကစားသူအရေအတွက်ဟာ လက်ရှိမှာ platform အားလုံးနဲ့ တွက်ရင် သန်း၄၀၀ အထိရှိနေပြီဖြစ်ကြောင်း PUBG Corp က မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Windows PC နဲ့ Xbox One တို့အတွက် ကော်ပီမူပွားရောင်းရနှုန်းက သန်း ၅၀ကျော်ရှိပြီလို့လည်း Company ကဆိုထားပါတယ်။ အဲ့ဒါကြောင့် မိုလ်ဘိုင်းပေါ်မှာ ကစားတဲ့ player အရေအတွက်က သန်း၃၅၀လောက်အထိ ရှိနေပါပြီ။ (Wow.. ဘယ်လိုတောင်များတဲ့အရေအတွက်လဲ PUBGရယ်)

PUBG Corp ရဲ့ ကြေညာချက်အရ PlayerUnknown’s Battlegrounds ရဲ့ ကစားသူအရေအတွက်ဟာ တစ်ရက်ကို ၈၇သန်းရှိပြီး platform အားလုံးနဲ့တွက်ရင် တစ်လကို ၂၂၇ သန်းထိရှိတယ်လို့သိရပါတယ်။ မတ်လတုန်းကလည်း ဂိမ်း Developerများ အစည်းအဝေးမှာ PUBG ကိုဖန်တီးခဲ့တဲ့ Brendan Greene က သူ့ရဲ့ battle royale ဂိမ်းဟာ ပထမဦးဆုံးနှစ်မှာပဲ မူပွား သန်း၄၀ ထိရောင်းရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ PUBG အောင်မြင်မှုမြင့်တတ်လာတဲ့ ခံစားချက် နဲ့ပတ်သတ်ပြီး Steam Webpage မှာ ခုလိုရေးထားတာကိုတွေ့ရပါတယ်။

PUBG အခုလို တိုးတက်ပြီး အောင်မြင်လာတာကြောင့်နဲ့ ကျွန်တော်တို့ အောက်ခြေလွတ်သွားမှာမဟုတ်ပါဘူး။ ဂိမ်းရဲ့ အနာဂတ်အတွက်လည်း ယုံကြည်မှုအပြည့်ပါပဲ။ PUBG ရဲ့ version အားလုံးအတွက် improvement တွေနဲ့ content updates အသစ်တွေကို ဆက်ပြီးလုပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ အမာခံ player တွေအတွက် PUBG ကို ပိုပိုပြီး ကောင်းလာတဲ့ဂိမ်းအဖြစ် ဖန်တီးပေးဖို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

ရောင်းရမှုနှုန်း အခုထက်ပိုပြီး မြှင့်တတ်လာဖို့အတွက်လည်း PUBG publisher က Steam ပေါ်မှာ ပုံမှန်ဈေးနှုန်းထက် ၃၃ရာခိုင်နှုန်းသက်သာတဲ့ တန်ဖိုး ၁၉.၉၉ ဒေါ်လာ( ၂၆၀၀၀ ကျပ်ဝန်းကျင်) နဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလ အထိ ဈေးလျော့ပေးနေပါတယ်။ အခုလာမယ့် သောကြာနေ့ (ဧပြီ၂၂) မှာလည်း ဂိမ်းအတွက် Sanhok လို့အမည်ရတဲ့ Map အသစ်ကို ဖြန့်ချိပေးမယ်လို့သိရပါတယ်။

PUBG က early access အနေနဲ့ မတ်လ ၂၀၁၇ခုနှစ် မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တရားဝင်ထွက်ရှိခဲ့တဲ့နေ့ကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာဖြစ်ပါတယ်။ သူ့ကို ထုတ်လုပ်ခဲ့တဲ့ company – PUBG Corp က ၂၀၀၉ ခုနှစ်မှာ Bluehole Inc ရဲ့ လက်အောက်ခံကုမ္ပဏီ Bluehole Ginno Games အနေနဲ့ စတင်ခဲ့တာပါ။ ၂၀၁၇ခုနှစ်ရောက်မှ PUBC Corp ဆိုတဲ့ နာမည်အသစ်နဲ့ ခွဲထွက်ပြီး PlayerUnknown’s Battlegrounds (PUBG) ရဲ့ ထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။ North America, Europe, Japan, China တို့မှာဖွင့်လှစ်ထားတဲ့ ရုံးခန်းခွဲပေါင်း ၆ခုရှိပြီး အခြေစိုတ်ကုမ္ပဏီကတော့ တောင်ကိုရီးယားမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ eSports နဲ့ ထုတ်ကုန်လိုင်စင်ကိစ္စ တွေအတွက် ဆောင်ရွက် နေတယ်လို့သိရပါတယ်။

ကဲခုဆိုရင် Playon က ပရိသတ်ကြီးအတွက် “PUBG အကြောင်း တစေ့တစ်စောင်း” ကိုလည်း ဖော်ပြပေးပြီးပြီဆိုတော့ ဆက်ပြီး ပေ မရှည်နေတော့ပါဘူးနော်..( 😁 ) နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်း Playon က ထပ်မံဖော်ပြပေးသွားဖို့ရှိပါသေးတဲ့အတွက် စောင့်မျှော်အားပေးဖတ်ရှုပေးကြပါဦးနော်။

Ref: BusinessWire, Polygon, Steam

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password