News

PUBG ရဲ့အောင်မြင်မှုကျဆင်းခဲ့တယ်လို့ ဝန်ခံထားတဲ့ developer

၂၀၁၇ ခုနှစ်တုန်းက ဒီအချိန်လောက်ဆိုရင် battle royale ဂိမ်းတွေထဲမှာ PUBG က နာမည်တော်တော်ကြီးနေခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Fortnite က နိုင်ငံတကာက gamer တွေရဲ့ အာရုံကို ဖမ်းစားနိုင်နေတာကြောင့် PUBG ရဲ့ အောင်မြင်မှုတွေလျော့ကျလာတာကိုတွေ့ရပါတယ်။ PUBG နဲ့ Fortnite တို့က ချိန်ခွင်လို ပြိုင်ဘက်တွေဖြစ်တဲ့အတွက် တစ်ဖက်က အားသာသွားတာနဲ့ အခြားတစ်ဖက်က အားနည်းသွားမှာပါ။ အဲ့တာကြောင့် Fortnite ရဲ့ အောင်မြင်မှုတွေက PUBG ကိုထိခိုက်နိုင်သလို PUBG ရဲ့ အောင်မြင်မှုကလည်း Fortnite ကိုထိခိုက်စေနိုင်ပါတယ်။

Fortnite ရဲ့ developer Epic Games က စိတ်ဝင်စားဖို့ကောင်းတဲ့ update တွေကို ဖန်တီးနိုင်ခဲ့တာကြောင့် player တွေရဲ့အားပေးမှုကို ရရှိနေတာပါ။ PUBG ရဲ့ developer PUBG Corp ကလည်း fortnite နဲ့ အပြိုင် update တွေ ပုံမှန်ပြုလုပ်ပေးနေပေမယ့် PUBG ရဲ့အောင်မြင်မှု အချိန်တိုအတွင်း ကျဆင်းသွားခဲ့ပါတယ်။ အဲ့တာဘာကြောင့်များပါလိမ့်???

PUBG က တင်ထားတဲ့ “Dev Letters” post ထဲမှာ PUBG ရဲ့ ရင်ဖွင့်ချက်အချို့ကို အောက်မှာ ဖတ်ရှုသွားနိုင်ပါတယ်။

“ကျွန်တော်တို့ PUBG အတွက် အဓိပ္ပါယ် ပြည့်ဝတဲ့ အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပေမယ့် ဂိမ်းရဲ့ အခြားလိုအပ်ချက်တွေကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။ Player တွေက ဂိမ်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အားနည်းချက်တွေကိုထောက်ပြခဲ့ပါတယ်။ ကျွန်တော်တို့က ဂိမ်းအတွက် အကောင်းဆုံးပြောင်းလဲချက်တွေ မလုပ်နိုင်ခဲ့ကြတာပါ။ အဲ့တာကြောင့် အခုအချိန်ကစပြီး တကယ့်ကို လေးနက်ထိရောက်တဲ့လုပ်ဆောင်ချက်တွေ ပြုလုပ်သွားပါတော့မယ်။ ဂိမ်းမှာထပ်ပေါင်းထည့်မယ့် content အသစ်တွေ ကိုလည်း အားလုံးနဲ့ မိတ်ဆက်ပေးသွားပါမယ်။”
Source: Gamespot.com

PUBG Corp ရဲ့ “Dev Letters”က တင်ထားခဲ့သမျှထဲမှာ ပထမဦးဆုံး အကြောင်းအရာဖြစ်ပြီး စတူဒီယိုမှာ ပြုလုပ်နေတဲ့လုပ်ဆောင်ချက်တွေနဲ့ PUBG ရဲ့ နောက်လာမယ့် content အသစ်တွေက ဘာတွေလဲဆိုတာကို player အဖွဲ့အစည်းဆီကို အသိပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ PUBG ပရိသတ်တွေအတွက်တော့ ဖတ်လို့ အကျိုးရှိမယ့် blog post အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ Dev Letters ထဲက အကြောင်းအရာ အပြည့်အစုံကိုတော့ ဒီကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အခု PUBG က တစ်ချိန်တစ်ခါတုန်းက PUBG လောက် ပေါ်ပျူလာ မဖြစ်တော့ပေမယ့်လည်း “ဆင်ပိန်ကျွဲလောက်” ဆိုသလို PUBG ရဲ့ အောင်မြင်မှုကတော့ ကျန်နေပါသေးတယ်။ သူ့ကို player ၁.၅ မီလီယံကျော်နဲ့ ဒီနေ့ရဲ့ Steam ပေါ်မှာ ကစားအများဆုံး ဂိမ်းအဖြစ်တွေ့ရှိရပါတယ်။ အခု ၁.၅ မီလီယံကျော်နှုန်းထားက အရင်က ၃ မီလီယံ ဝန်းကျင်နှုန်းထားကနေ လျော့သွားတာဖြစ်ပါတယ်။

Playon ပရိသတ်ကြီးရော PUBG အရင်က သူ့ရဲ့ အောင်မြင်မှုကို ပြန်ယူနိုင်မယ်လို့ထင်လား။ Admin ကတော့ PUBG ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ရဲ့ အရင်နှုန်းထားကို ပြန်မရနိုင်တော့ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နာမည်တစ်ခုဆိုတာ ကျဖို့လွယ်သလောက် ပြန်ရဖို့ မလွယ်ကူတာ သဘာဝပဲလေ။

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password