ArticleNews

Player တွေရဲ့ အကောင့် ၃သောင်းကျော်ကို ဘန်းလိုက်တဲ့ PUBG

နာမည်ကြီး Battle royale ဂိမ်းတစ်ခုဖြစ်တဲ့ PUBG ဟာ ပရော်ဖက်ရှင်နယ် player ၁၆ ယောက်ရဲ့ အကောင့်တွေအပြင် player ၃သောင်းကျော်ရဲ့ အကောင့်တွေကို ဘန်းခဲ့ပါတယ်လို့သိရပါတယ်။ အဘန်းခံရတဲ့ အကောင့်တွေဟာ Battle royale ဂိမ်း PUBG ကစားနေတုန်းမှာ Radar hack cheat codes ကို အသုံးပြုခဲ့တာကို မိသွားတဲ့အတွက် အဘန်းခံရခဲ့တာဖြစ်ပါတယ်။ အဘန်းခံရတဲ့ အကောင့်တွေက ၃သောင်းကျော်တောင်ဆိုတော့ တော်တော်တော့ မနည်းမနောပါသွားတာပါ။

ဘန်းတဲ့ဖြစ်စဉ်အတွင်းမှာ ပါဝင်သွားတဲ့ပရောဖက်ရှင်နယ်ကစားသမား တွေရဲ့အကောင့်တွေထဲမှာ TEXQS, Papaya, Cageman, PlayerJones, Hoffmann88, Sezk0, Houlow, Kragen တို့ တွေလည်း ပါဝင်ကုန်တယ်လို့ သိရပါတယ်။ အဘန်းခံရတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအကောင့်တွေထဲမှာ e-sport player တွေရဲ့ အကောင့်တွေပါ ပါခဲ့တဲ့အတွက် တကယ့်ကို နှမြောဖို့ကောင်းပါတယ်။

PUBG Corp က ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်က player တွေကို ဂိမ်းကစားနေစဉ်အတွင်း Radar hacking အသုံးပြုတာကို တားဆီးတဲ့အနေနဲ့ ဖြစ်ပါတယ်။ Radar hacking ဆိုတာက အခြား player တွေရဲ့တည်နေရာကို third party VPN နဲ့ ခြေရာခံနိုင်ပေးတဲ့ အရာဖြစ်ပါတယ်။ တစ်ဖက် player ကို အလွယ်တကူ ခြေရာခံပြီး သတ်ပစ်လို့ရနိုင်တာကြောင့် ကစားတဲ့နေရာမှာ အနိုင်ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ အဲ့တာကြောင့် PUBG Corp က Radar hacking သုံတဲ့ player တွေကို အသည်းအသန်ရှာပြီး ban တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း PUBG က အလားတူ တူညီတဲ့ လုပ်ရက်ကို လုပ်ခဲ့ပါသေးတယ်။ အဲ့တုန်းကလည်း player အများစုရဲ့ အကောင့်တွေ အဘန်းခံခဲ့ရပါတယ်။ အဲ့ဒီထဲမှာ တရားမျှတစွာ ကစားပြီး အကောင့်ဘန်းခံရတဲ့ player တွေလည်း အများကြီး ပါခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း Radar hacking မသုံးတဲ့ အကောင့်တွေ ထပ်ပြီး ပါသွားပြန်တယ်လို့ ကြားပါတယ်။ အဲ့အတွက်လည်း ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုနေတဲ့သူတွေရှိပါတယ်။ PUBG က အဆိုပါ အကောင့်တွေ ထဲက အပြစ်မရှိတဲ့ အကောင်းတွေကိုရွေးပြီး ပိုင်ရှင်လက်ထဲ မူလအတိုင်း ပြန်အပ်ပေးပေမယ့် အကောင့်အများစုကတော့ အဘန်းခံနေရတုန်းပဲရှိပါသေးတယ်။ အဲ့တော့ မတရားအဘန်းခံလိုက်ရတဲ့ အကောင့်တွေက player တွေ နစ်နာရတာပေါ့နော်။

PUBG က အွန်လိုင်း Battle royale ဂိမ်းဖြစ်ပြီး အခြား player တွေနဲ့ တကယ့် battlefield ထဲရောက်နေသလို ခံစားရစေမယ့်ဂိမ်းဖြစ်ပါတယ်။ သူကို အခုအချိန်မှာ PC, Android, iOS, Xbox One နဲ့ Playstation တို့မှာ ကစားလို့တဲ့ cross platform ဂိမ်းတစ်ခုဖြစ်ပါတယ်။

Ref: Indianexpress

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password