News

Mobile ပေါ်က Rising Sun Imagery အတွက် တောင်းပန်ခဲ့တဲ့ PUBG

Playerunknown’s Battlegrounds Mobile အတွက် weapon နဲ့ mask packs ကို ပြီးခဲ့တဲ့ စနေနေ့တုန်းက စတင်ဖြန့်ချီခဲ့ပါတယ်။ ဖြန့်ချီခဲ့တဲ့နေ့နဲ့ တစ်ရက်တည်းမှာပဲ PUBG ဖန်တီးသူတွေက item packs ကို ပြန်လည် သိမ်းယူခဲ့ပြီး တောင်းပန်စာနဲ့ ပြန်အမ်း ငွေပေးခဲ့ပါတယ်လို့သိရပါတယ်။ (Wow!!! ဘာလို့များပါလိမ့်နော်??? အဲ့အကြောင်းကို သိလိုက်ကြလား ဘော်ဒါတို့ရေ 🤣)

ထွက်ရှိပြီး တစ်ရက်မပြည့်ခင်မှာ ပြန်လည် ရုပ်သိမ်းခဲ့တဲ့ pack ထဲမှာအောက်မှာ ဖော်ပြထားတဲ့ pilot မျက်နှာဖုံး တစ်ခုပါဝင်တယ်လို့သိရပါတယ်။ အဆိုပါ Pilot မျက်နှာဖုံး က ဂျပန်စစ်တပ် “Rising sun” နဲ့ ဆင်တဲ့ တံဆိပ်ရုပ်ပုံကို တပ်ဆင် တန်ဆာဆင်ထားပါတယ်။ အဲ့မှာ အကြောင်းက စတာပါပဲ။ Rising Sun အမှတ်အသားက ဂျပန် ရေတပ် အရာရှိတွေရဲ့ အမှတ်အသားတံဆိပ်ဖြစ်တာကြောင့် အဲ့ဒီပုံရိပ်က ဂျပန်နိုင်ငံရဲ့ စစ်တပ်ကို စော်ကားမိသလိုဖြစ်နေပါတယ်။ Korea Time သတင်းဌာနရဲ့ အဆိုအရ ကိုရီးယား gamer တွေက ပုံရိပ်ကို သတိထားမိပြီး PUBG Corp ထံ mask ကို ချက်ချင်း ဖယ်ရှားပြီး တောင်းပန်ဖို့ အတွက် တိုက်တွန်းခဲ့တာလို့ သိရပါတယ်။

အဲ့တာကြောင့် PUBG က အဲ့ဒီ pack ထွက်ရှိခဲ့တဲ့ရက်မှာပဲ ချက်ချင်း ပြန်လည် ရုပ်သိမ်းခဲ့တာပါ။ Weapon နဲ့ Mask packs ကို ဝယ်ယူခဲ့မိတဲ့သူတွေကိုလည်း ပြန်အပ်းငွေ 490 US အပြည့် ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး အခုလို ချို့ယွင်းချက်အတွက်လည်း တောင်းပန်ထားပါသေးတယ်။ Player အချို့ဆီကိုလည်း အောက်မှာ ပြထားတဲ့အတိုင်း Message တွေပေးပိုထားတာကိုတွေ့ရပါတယ်။

အချို့ player တွေကတော့ PUBG ရဲ့ အခုလို့ ရုတ်ရင်းဆန်ခက် လုပ်ဆောင်ချက်ကို အားမလိုအားမရဖြစ်နေကြပါတယ်။ Playon က ဘော်ဒါတို့ ထဲမှာရော အဲ့ message ရတဲ့သူရှိကြလား ??? Message ရတဲ့သူတွေရှိရင် ဘာလို့ ရတာလဲ??? အဲ့ဒီ pack ကရောရော ဘာကြောင့်ပြန်ရုပ်သိမ်းလို့ငွေပြန်အမ်းတာလဲဆိုတာ သိရအောင် ခုလိုရေးသားဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ ☺)

Oh!! လုပ်လိုက်ရင် အသည်းနဲ့ အသန် PUBG ရယ် … xD ဘယ်လိုတွေဖြစ်ရတာတုန်း 🤣) !

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password