ArticleNews

Vikendi ဆိုတဲ့ map အသစ်အကြောင်းကြေညာလိုက်တဲ့ PUBG

PUBG ဟာတော့ လာမယ့် Patch အသစ်မှာ ဆောင်းရာသီကိုကိုယ်စားပြုထားတဲ့ Theme တစ်ခုဖြစ်တဲ့ Vikendi map အသစ်ကို ဒီဇင်ဘာ ၁၉ -၂၀ မှာထည့်သွင်းပေးသွားတော့မှာဖြစ်တယ်လို့ Twitter ကနေတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

“Vikendi” ဆိုတာကတော့ Croatian ဘာသာစကားက စကားလုံးဖြစ်ပြီး အင်္ဂလိပ်ဝေါဟာရ “Weekend” ကိုဆိုလိုတာပဲဖြစ်ပါတယ်။ Map ကို Release လုပ်မယ့်အချိန်ကလည်း ခရစ်မတ်အားလပ်ရက်အတွင်းဖြစ်တာကြောင့် အခုလိုနာမည်ရွေးချယ်တာလို့ပဲဆိုရမှာပါ။ (ထင်တာတွေရမ်းပြောပြီ 😂)… Vikendi Map အသစ်ဟာ ဆောင်းရာသီကိုကိုယ်စားပြုထားတဲ့ Theme တစ်ခုဖြစ်တာကြောင့် နှင်းတွေပြည့်နှက်နေပြီး အေးခဲလောက်မယ့်ပတ်ဝန်းကျင်အနေအထားဖြစ်နေမှာပါ။ Map ရဲ့အကျယ်အဝန်းက 6x6km ရှိမယ်လို့သိရပါတယ်။ ဒီအကျယ်အဝန်းဟာ Sanhok Map ထက်ကြီးနေပြီး Erangel, Miramar Map တို့ထက်တော့သေးနေမယ့်အနေအထားဖြစ်နေမှာပါ။ In-game မရောက်ခင် lobby မှာ ပေးထားတဲ့ ပန်းသီးတွေကနေ နှင်းဘောလုံးလေးတွေဖြစ်သွားတာ၊ နှင်းတောကြီးမှာ လျှောစီးသွားနိုင်မယ့် Snow mobile ဆိုတဲ့ Vehicle အသစ်တစ်ခုပါလာတာ စတာတွေကတော့ ဒီ Map အသစ်ရဲ့ထူးခြားချက်တွေပါပဲ။

ဒီကြေညာချက်ကိုတော့ PUBG ဟာပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က Twitter မှာကြေညာခဲ့တာဖြစ်ပြီး ကြေညာချက်ထဲမှာ Vikendi Map ဟာ PC ကိုလာမယ့် ဒီဇင်ဘာလ ၁၉ မှာရောက်ရှိလာမယ်၊ Ps4, Xbox one အစရှိတဲ့ console platform ကို ၂၀၁၉ ဇန်နဝါရီအတွက်ရောက်ရှိလာမယ်ဆိုပြီးအသီးသီးကြေညာထားပေမယ့် Mobile version ကိုအဖတ်လုပ်ထားတာမျိုးမတွေ့ရပါဘူး 😅)… ဒါပေမယ့် ကျွန်တော့်ရဲ့မွှေနှောက်ထားမှုအရ Vikendi Map ကြီး PUBG mobile မှာပါဝင်လာတဲ့ Leaked image တွေနဲ့ release date ကလည်း PC version အတူထွက်ရှိလာနိုင်တဲ့အကြောင်းသိရှိရပါတယ်။ Leak ဖြစ်လာတာကတော့ အဖြူကောင်တရုတ်တွေဆီကပါ။

Vikendi Map for PUBG mobile leak image

Mobile version မှာတော့ 0.10 patch နဲ့အတူ Map အသစ်ကရောက်ရှိလာမှာပါ။ Vikendi Map ရဲ့ official release date က ဒီဇင်ဘာ ၁၉-၂၀ ကြားမှာဖြစ်ပေမယ့် PC version ရော၊ Mobile version အတွက် Beta အနေနဲ့နဲ့ဆော့ကစားသွားနိုင်ပြီလို့သိရပါတယ်။ PC beta တော့မသိပေမယ့် Mobile beta ကကျွန်တော် iOS platform မှာစမ်းကြည့်တာတော့ မရသေးပါဘူး။ အကယ်၍ ရခဲ့ရင်တော့ Beta ဖြစ်တဲ့အတွက် Bug လေးတွေကတော့အနည်းငယ် ရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ်စမ်း try ကြည့်ချင်တဲ့ မိတ်ဆွေတွေအတွက် လင့်ခ်လေးပေးလိုက်ပါတယ်ခင်ဗျာ။

Beta link – PC/ Mobile

SourceRef

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password