Reviews

ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ့် Escape Game နှစ်ခု Psycho Escape & Horror Escape!

ထိတ်လန့်ခြောက်ခြားဖို့ကောင်းတဲ့ နေရာတွေကနေ့ လွတ်မြောက်အောင်လုပ်ရမယ့် Escape ဂိမ်းတွေအများစုက စိတ်ဝင်စားဖို့ အရမ်ကောင်းကြပါတယ်။ အကြောင်းကတော့ Escape ဂိမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်မတ်ဖွယ်ရာကောင်းတဲ့ အသံတွေ၊ အပြင်အဆင် နဲ့ ဒီဇိုင်းတွေက ဂိမ်းကစားသူတွေကို ဆွဲဆောင်နေလို့ပါ။ အခုတစ်ခေါက်မှာတော့ Playon ပရိသတ်ကြီး ကြိုက်နိုင်မယ့် Escape ဂိမ်းကောင်းလေး နှစ်ခု နဲ့ မိတ်ဆက်ပေးထားပါတယ်။ အောက်မှာ review လေး ဆက်ပြီး ဖတ်ကြည့်ပေးပါနော်။

Psycho Escape (Android / iOS : free)

ဒီဂိမ်းကို စကစားချင်းမှာပဲ ဖုန်းသံတစ်ခု မြည်လာပါလိမ့်မယ်။ အဲ့ဒီဖုန်းကို ကိုင်လိုက်ရင်ပဲ ဖုန်းထဲကသူက အသံအက်အက်ကြီးနဲ့ “ငါမင်းဆီကို လာနေပြီ” ဆိုပြီးပြောပါလိမ့်မယ်။ ဖုန်းဆက်လာသူက သင့်ကို ကောင်းကောင်းသိပြီး သင်ရောက်နေတဲ့ နေရာကိုပါသိနေတဲ့ နောက်ယောင်ခံ လူသတ်သမားပါ။ သင်ကတော့ အဲ့ဒီလူကို လုံးဝမသိပါဘူး။ ကဲ.. အဲ့ဒီ အကျပ်အတည်း အခြေအနေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။

တံခါးတွေအားလုံးကို ပိတ်ပြီး ရဲကိုခေါ်မလား။ လွတ်မြောက်အောင် ထွက်ပြေးမလား ။ ဒါမှမဟုတ် လူသတ်သမားလက်ထဲပဲ အေးအေးဆေးဆေး အဖမ်းခံလိုက်မလား။ သည်းထိတ်ရင်ဖို အဖြစ်အပျက်တွေကိုရင်ဆိုင်ပြီး လွတ်မြောက်အောင်ကြိုးစားမလား။ ထိတ်လန့်စရာ ပဟေဋ္ဌိ (puzzles) တွေ အားလုံဖြေရှင်းနိုင်ပါ့မလား။ စတဲ့ မေးခွန်းတွေ အားလုံးရဲ့ အဖြေက သင့်ဆီမှာပဲရှိပါတယ်။ ဒီတော့ .. ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Psycho Escape ကို ကစားပြီး မေးခွန်းတွေအားလုံးရဲ့ အဖြေကို ဖော်ထုတ်လိုက်ကြရအောင်နော်။ နမူနာ Video ကို အောက်မှာ ကြည့်လို့ရပါတယ်။

 

Image Source – Psycho Escape

 

Horror Escape (Android/iOS: free)

ထိတ်လန့်စရာကောင်းတဲ့ အရာတွေ ပြည့်နေတဲ့ စိတ္တဇဆေးရုံပျက် ကြီးထဲမှာ ကစားရမှာပါ။ ပဟေဋ္ဌိ(puzzles) တွေနဲ့ ပျောက်နေတဲ့ ပစ္စည်းတွေကို ရှာဖွေပြီး ကြောက်စရာ ကမ္ဘာက လွတ်မြောက်အောင် ကြိုးစားရမယ့် ဂိမ်းပါ။ Escape ဂိမ်းတွေရဲ့ ထုံးစံအတိုင်း
သက်ဝင်လှုပ်ရှားတဲ့ ရုပ်ထွက် နဲ့ ကြက်သီးထစရာ အသံတွေက သင့်ကို ခြောက်လှန့်နေမှာပါ။

စိတ္တဇ ဆေးရုံ ပျက်ကြီးရဲ့ပတ်ဝန်းကျင်အနေအထားနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေက ပုံစံတစ်မျိုးနဲ့ သင့်ကိုဆွဲဆောင်နေမှာနော်… Horror ဂိမ်း ကြိုက်တဲ့ gamers လေးတွေ ကစားနိုင်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်။ Sample video လေးအောက်မှာ ကြည့်လို့ရပါတယ်။

 

Image Source – Horror Escape

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password