Reviews

အကောင်းဆုံးအဖြစ် သက်သေပြရမယ့် Slingshot Championship

ဒီတစ်ခါ Playon မိတ်ဆွေများကို မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ မိမိကိုယ်ကို အကောင်းဆုံးအဖြစ် သက်သေပြရမယ့် လေးဂွပစ်တဲ့ ဂိမ်းလေးဖြစ်တဲ့ Slingshot Championship အမည်ရတဲ့ ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Point ကို ထိမှန်အောင် ပစ်ရမှာဘဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတစ်ခုအဖြစ် မှတ်ချက်ပြုပါရစေ။

Stages အများအပြားကို ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂရုစိုက်စရာကတော့ မိတ်ဆွေအနေနဲ့ လေတိုက်နှုန်းများကို သတိထားကာ ခန့်မှန်းပြီး ပစ်ရမှာဖြစ်တဲ့အတိုင်း တစ်ခါတစ်ရံ လေတိုက်နှုန်းကို မကြည့်မိဘဲ ပစ်လိုက်တဲ့ အခါမှာ Target လွှဲခဲ့ ရတာကတော့ ကျွန်တော့ ကိုယ်တွေ့ပါဘဲ ခင်ဗျား။ ရိုးရှင်းတဲ့ control စနစ်ကြောင့် ပေါ့ပါးမှုနဲ့ အတူ ဆော့ကစားနိုင်တာလည်း ဖြစ်ပါတယ်။

Game Features အနေနဲ့ကတော့ မိမိတစ်ယောက်ထဲ ဆော့ကစားလိုသူ အဖို့တော့ single player mode အနေနဲ့ ဆော့ကစားနိုင်ပြီး အချို့ အကောင်းဆုံး အနေနဲ့ စမ်းသပ်ချင်သူ အဖို့ကတော့ offline mode မှာ အင်တာနက် မလိုအပ်ဘဲ offline 2 player mode ပါဝင်တာကြောင့် အခြားသူများနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်တဲ့ ဂိမ်းလေးကတော့ ပျော်ရွှင်စရာများကို ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်မိပါတယ်။ ဒါ့အပြင် မတူညီတဲ့ နေရာများမှာ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတိုင်း သင်ကိုယ်တိုင် အကောင်းဆုံးအဖြစ် သက်သေပြရမယ့် အချိန်ကောင်းကို ရောက်ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

စိတ်လွှတ်လပ် ပေါ့ပါးမှုများနဲ့ ပျော်ရွှင်မှုများကို ဖန်တီးပေးမယ့် ဂိမ်းလေးကိုတော့ Free to Play အနေနဲ့ Mobile Platform များဖြစ်ကြတဲ့ Google Play နဲ့အတူ App Store များမှာ ရယူနိုင်ပြီဖြစ်တဲ့ အတွက် Playon မိတ်ဆွေများအနေနဲ့လည်း မိမိကိုယ်တိုင် အကောင်းဆုံး Champion တစ်ယောက်အဖြစ် သက်သေပြရင်း ဒီဂိမ်းလေးကို ရယူပိုင်ဆိုင် နိုင်စေဖို့ တင်ဆက်ရင်း လာမယ့် အစီအစဉ်များမှာလည်း ကျွန်တော်တို့နဲ့ အတူ ဆက်လက်ရှိနေပေးဖို့ ဆန္ဒပြုရင်း ခေါ်ဖိတ်လိုက်ရပါတယ်. . . . . . . . ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password