ArticleNewsReviews

ထောင်ထဲမှာ အပီအပြင် ဝုန်းရမယ့် Prison Survivor

ဒီတစ်ခေါက်မှာတော့ Shooter ဂိမ်းတွေကို မျှော်လင့်နေတဲ့ ဘော်ဒါတို့အတွက် ထောင်ထဲမှာ ကစားရမယ့် Prison Survivor ဆိုတဲ့ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက shooter ဂိမ်းကိုမှ ပတ်ဝန်းကျင်အနေအထား ဘာညာဒီဇိုင်းကို ထောင်တွေထဲမှာ ဖန်တီးထားတာကြောင့် ကစားရတာ တစ်မျိုးထူးခြားပါတယ်။

Prison Survivor ဆိုတဲ့ နာမည်အတိုင်း ထောင်ထဲမှာ ရုန်းကန်လှုပ်ရှားရမယ့် ဂိမ်းလေးဖြစ်ပါတယ်။ ဂိမ်းထဲမှာ player က ကွဲပြားတဲ့ AK-47 , Desert Eagle , AUG ,နဲ့အခြား လက်နက်တွေကို အသုံးပြုနိုင်မှာပါ။ Prinson Survivor က ထွက်ရှိထားတာ မကြာသေးတဲ့ brand new shooter ဂိမ်းတစ်ခုဖြစ်ပြီး သူ့ကိုAndroid ပေါ်မှာကစားလို့ရနေပါပြီ။ iOS ပေါ်မှာတော့ ရှာကြည့်တာ မတွေ့သေးပါဘူး။

3D ရုပ်ထွက်တွေနဲ့တကယ့်ကို ကစားရတာ အဆင်ပြေတဲ့ဂိမ်း တစ်ခုဖြစ်တဲ့အပြင် Offline ပါရတယ်ဆိုတော့ လုံးဝကို xoxo amazing ပေါ့နော်။ ထောင်ထဲမှာဆိုတော့ ဂိုဏ်းစတားတွေ ၊ လူသတ်သမားတွေ ၊ အဆင့်နိမ့်သူတွေ ၊ ဆေးသမား တွေသူခိုးတွေ စတဲ့ သူ အားလုံးကိုတွေ့ရမှာပါ။ ဂိမ်းထဲမှာ Player က သတ္တိရှိတဲ့ စစ်သားနေရာကနေ ပါဝင်ကစားရမှာဖြစ်တာကြောင့် ရန်သူအဖွဲ့တွေထဲက စပိုင်တွေရှိတဲ့ နေရာတွေကိုပါ နယ်မြေချဲ့ထွင်ထောက်လှမ်းရမှာဖြစ်ပါတယ်။ အဲ့ဒီလို အချိန်တွေမှာတော့ စိန်ခေါ်မှုတွေ တကယ့်ကို များပါတယ်။ Shooter ဂိမ်းကို ပုံစံတစ်မျိုးနဲ့ ကစားကြည့်ချင်တဲ့သူတွေ ကစားနိုင်ဖို့ မင်မင်တို့ရဲ့ Playon ကနေ ရွေးချယ် မိတ်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။

အောက်မှာ တစ်ခါတည်း ဒေါင်းလုတ်လင့်လေး ပေးထားပါတယ်။ 😀

download link – Android

Source- www.droidgamers.com

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password