တကယ့်ထောင်ကိုဖောက် နေရသလိုခံစားမှုမျိုးပေးမယ့် Prisoner Fun Escape – Survival of Jail Prisoner!

ထောင်သားတစ်ယောက်ရဲ့နေရာကဆော့ကစားရမယ့် ဂိမ်းလေးဖြစ်ပါတယ်။ Action နဲ့ Simulation ရသကိုအပြည့်အဝပေးစွမ်းနိုင်မယ့် ဂိမ်းလေးဖြစ်ပါတယ်။ ထောင်ဖောက်တာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ မိတ်ဆွေတော့မသိဘူး၊ ကျွန်တော်ကတော့ ထောင်မဖောက်ဖူးတာကြောင့်ဒီဂိမ်းကကျွန်တော့်အတွက်တော့ခက်ပါတယ်။ မိတ်ဆွေတို့အတွက်လည်းခက်မှာပါ။ ထောင်ဖောက်ရတာမလွယ်တာကြောင့်မိတ်ဆွေအနေနဲ့ဒီဂိမ်းထဲမှာထောင်ဖောက်ပြီး လွတ်ချင်ရင်တော့ ရှိသမျှဉာဏ်စွမ်းတွေအကုန်သုံးမှ လွတ်မြောက်နိုင်မှာပါ။

 

 

ဒါ့အပြင်ဒီဂိမ်းမှာက ရဲတွေမမြင်အောင် Timing ကိုက်လုပ်ဆောင်နေရမှာကြောင့်ပိုတောင်ခက်ဦးမှာပါ။ ထောင်ဖြစ်တဲ့အတွက်အစောင့်တွေအများကြီးရှိနေမှာပါ။ ဒီဂိမ်းထဲရှိနေမယ့်အစောင့်တွေကတော့ ရဲတွေ၊ Helicopter ကြီးတွေ၊ ရဲကားကြီးတွေ၊ Tower Controller ကြီးတွေအပြင် ခွေးတွေပါရှိမှာပါ။ ရဲတွေခွေးတွေက ထောင်သားတွေကိုမြေပြင်မှာစောင့်ကြည့်၊ Tower Controller ကြီးတွေနဲ့အပေါ်ကနေထိုင် ရှိုးနေမှာကြောင့် ထောင်ထဲကလွတ်မြောက်ဖို့ဆိုတာအိပ်မက်ကြီးလိုပါပဲ။ မိတ်ဆွေရဲ့ Character ထောင်သားလွတ်မြောက်တာ၊ မလွတ်မြောက်တာကတော့ မိတ်ဆွေအပေါ်မှာပဲမှုတည်ပါတယ်။

 

                               

ထောင်ဖောက်တဲ့ ဂိမ်းဆော့နေရလို့လူမိုက်အားပေးလုပ်နေရတယ်လို့ မထင်ပါနဲ့။ မိတ်ဆွေရဲ့ Character ကလူမိုက်စစ်စစ်မဟုတ်ပါဘူး။ သူဟာလူမိုက်တွေနဲ့ရောပြီးအဖမ်းခံရတာကိုတော့ မိတ်ဆွေသိထားသင့်ပါတယ်။ အဲ့တော့ မိတ်ဆွေဘာမှမစဉ်းစားဘဲ ထောင်ဖောက်နိုင်ပါပြီ။ ဒီဂိမ်းမှာမိတ်ဆွေက ဦးနှောက်ရော၊ မိတ်ဆွေ Character ထောင်သားရဲ့ စွမ်းအင်တွေကိုပါအသုံးချရမယ့်အချိန်တွေရောရှိလာမှာပါ။ စွမ်းအင်ကိုအသုံးချရမယ့်အချိန်ဆိုတာက မိတ်ဆွေရဲ့ Character ကိုရဲတွေ တွေ့သွားတဲ့အချိန်ပဲဖြစ်ပါတယ်။ ရဲတွေ့သွားရင်မိတ်ဆွေက ရဲတွေကို ပေါ်တင်ပြန်ချနိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ HP တော့ပေးထားမှာပါ။ HP ကုန်တဲ့အထိသွားချနေရင်တော့ မိတ်ဆွေ Rest In Peace မှာပါ။ နိုင်မယ်ထင်ရင်ချပါ၊ မနိုင်ဘူးထင်ရင်ပြေးပါမိတ်ဆွေ။

 

 

တံခါးတွေကိုခွဲတာတို့၊ ပြတင်းပေါက်တွေကိုခွဲတာတို့ စတဲ့နေရာတွေမှာလည်းစွမ်းအင်တွေကိုအသုံးချရမှာဖြစ်ပါတယ်။ ဒါ့အပြင် Lock ကျနေတဲ့တံခါးတွေကို ဖွင့်တဲ့အခါနံပတ်တွေကို Hack ရဦးမှာဖြစ်လို့စိတ်ဝင်စားစရာကောင်းပါတယ်။ Survival of Jail Prisoner ဂိမ်းမှာ ထောင်ဖောက်ရမယ့် Story Line ရှိနေမှာပါ။ မိတ်ဆွေက အဲ့ဒီ Story Line လေးအတိုင်းဆော့သွားရမှာဖြစ်ပါတယ်။ ရဲတွေရော၊ ခွေးတွေရော၊ တံခါးတွေရဲ့ Lock နံပတ်တွေရောက တားဆီးထားမှာဖြစ်လို့ထောင်မဖောက်နိုင်အောင်တားဆီးထားမှာဖြစ်လို့ Security Level ကတော့ပြောစရာမလိုအောင်မြင့်တာကိုတွေ့ရမှာပါ။ တချို့အခန်းတွေမှာ ဖြေရှင်းရမယ့် Puzzle တွေပေးထားမှာဖြစ်ပြီး၊ တချို့နေရာမှာတော့ ပစ္စည်းလေးတွေကိုဝှက်ထားမှာဖြစ်ပါတယ်။ အဲ့ဒီပစ္စည်းလေးတွေကိုရှာဖွေပြီးမိတ်ဆွေက ထောင်ဖောက်တဲ့နေရာမှာသုံးစွဲရမှာပါ။  အဲ့ဂိမ်းရဲ့ Story Line ပြီးမြောက်အောင်ဆော့နိုင်ရင်တော့ မိတ်ဆွေက Professional Jail Breaker ဖြစ်ပါပြီ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာကထောင်ဖောက်ရင်ပြုလုပ်တတ်ကြတဲ့ အခြေအနေတွေအားလုံးပါဝင်နေတာကြောင့်ပါ။

Free To Play ပါ။ Android Platform မှာပဲကစားနိုင်တဲ့ဂိမ်းဖြစ်ပါတယ်။Sound System ကိုလည်းတကယ်ထောင်ဖောက်နေတဲ့ခံစားမှုမျိုးဖြစ်အောင်ဖန်တီးပေးထားပါတယ်။ Action နဲ့ Simulation ရောစပ်ထားတဲ့အပြင် Puzzle အချို့ပါ ပါဝင်တဲ့ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေအားသတင်းပေးပါရစေ။

 

Image Source:

https://play.google.com/store/apps/details?id=com.knghts.prisonergame.escapesimjailfree

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password