ArticleNews

Pre-registration လုပ်လို့ရနေပြီဖြစ်တဲ့ PvP hero ဂိမ်း Forged Fantasy

ဒီတစ်ခေါက်မှာတော့ Playon က ပရိသတ်ကြီးကို စွဲဆောင်မှုရှိတဲ့ အက်ရှင် RPG ဂိမ်းအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့ နာမည်က Forged Fantasy ဖြစ်ပြီး သူ့ကို အခုအချိန်မှာ pre-register လုပ်နိုင်နေပါပြီ။ Forged Fantasy ကို Hero Hunters ဂိမ်းကိုပဲ ပြုလုပ်တဲ့ Developer Hothead Games မှ ဖန်တီးထားတာဖြစ်ပါတယ်။ ထူးခြားတဲ့ ဇာတ်ကောင်ဒီဇိုင်းတွေကြောင့် အမြင်နဲ့တင် တကယ့်ကို မျက်စိ ပသာဒရှိလှတဲ့ RPG လေးပါ။

Forged Fantasy က ဒီအပတ်အတွင်းမှာထွက်လာမယ့် multiplayer hero battle ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ player က ဟီးရိုးတွေ ၊ ကိုယ့်အကြိုက်ဆုံး အဖွဲ့တွေနဲ့အတူ real-time PvP တိုက်ပွဲတွေကို ဖန်တီး ကစားရမှာပါ။ Single player mode မှာ ပြီးမြောက်ဖို့အတွက် မတူကွဲပြားတဲ့ မစ်ရှင်တွေပါပါတယ်။ အကယ်၍သင်က Single player mode မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ အတူ ကစားချင်တယ်ဆိုရင် co-op raids တွေမှာ ဝင်ရောက်ပါဝင်ရမှာပါ။ နမူနာဗီဒီလေးကို အောက်မှာ တစ်ချက် ဝင်ကြည့်လိုက်ပါဦး။

ဗီဒီယိုလေးက အရမ်းကိုမိုက်တယ်နော်။ သူ့ကိုကြည့်ပြီး ကစား ချင်တယ်ဆိုရင် အခုချက်ချင်းပဲ Google Play Store မှာ pre-register လုပ်ထားလို့ရ ပါပြီ။ တရားဝင်ထွက်ရှိလာမယ့် ရက်ကတော့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖြစ်ပါတယ်။

Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password