News

Azur Lane (English Version) အတွက်ကြိုတင် စာရင်းပေးသွင်းထားလို့ရပြီနော်

Playon က ဘော်ဘော်တို့ရေ သမုဒ္ဒရာကြီးထဲမှာ စွန့်စားရတဲ့ Azur Lane ထဲမှာ ရွက်လွှင့် ဖူးကြလား ? သူက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက Japanese, Korean, and Chinese version ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ ထွက်ရှိထားတာ ဖြစ်ပါတယ်။ အဲ့လို ဗားရှင်း ၃ ခုပဲ ထွက်ရှိခဲ့တဲ့ အချိန်တုန်းကတောင် Japanese server တစ်ခုတည်းနဲ့ ကစားသူအရေအတွက် ၅ သန်း ကျော်ခဲ့ပါတယ်။ များပြားလှတဲ့ ပရိသတ်တွေကြောင့် Google Play Store မှာလည်း ၂၀၁၇ ခုနှစ်ရဲ့ ထိပ်ဆုံး ဂိမ်း ၅ ခု စာရင်းထဲ ဝင်ခဲ့တယ်လို့သိရပါတယ်။ သူ့ကို YOSTER က ထုတ်လုပ်ထားတာဖြစ်ပြီး အခုနှစ်မှာတော့ English version ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် သင်က ဒီဂိမ်းလေးကို ကစားဖို့ အရမ်းကို စိတ်အားထက်သန်နေတယ်ဆိုရင်တော့ အထူးသီးသန် character “USS Yorktown” ကိုရရှိဖို့ သူ့ကို အခုပဲ Pre-register လုပ်ထားလိုက်တော့နော်။ အသေးစိတ်ကို ထပ်ပြီးသိချင်ရင်တော့ ဒီ link လေးထဲကို ဝင်ကြည့်နိုင်ပါတယ်နော်။

ဂိမ်းရဲ့ ပုံစံကတော့ ရိုးရိုးရှင်းလေးပါပဲ။ ဂိမ်းထဲမှာ ပင်လယ်ပြင်တိုက်ပွဲတွေ ဆင်နွှဲရမှာပါ။ ကစားသူက ကိုယ့်ရဲ့ ကိုယ်ပိုင် တပ်ရင်းတွေထဲက ကွဲပြားခြားနားတဲ့ သင်္ဘောလေး တွေကို စုဆောင်းပြီး တစ်ဖက်က ရန်သူကို ပြန်တိုက်ရမှာပါ။ အခြား ဂိမ်းတွေနဲ့မတူတဲ့ ထူးခြားတဲ့ အချက်ကတော့ မြေပြင်မှာမဟုတ်ဘဲ ရေပြင်မှာ တိုက်ပွဲတွေ ဆင်နွှဲရတာပါ။ သူ့ရဲ့ အရင်က ထွက်ရှိထားတဲ့ ဗားရှင်းတွေက English မဟုတ်တာကြောင့် ဂိမ်းက စိတ်ဝင်စားဖို့ကောင်းနေရင်တောင် ဘာသာစကားအခက်အခဲကြောင့် ကစားရတဲ့ feeling ကောင်းမှာမဟုတ်ပါဘူး။ အောက်မှာ နမူနာ Trailer လေးကိုကြည့်နိုင်ပါတယ်။

ဘော်ဒါတို့ရေ ဗီဒီယိုထဲမှာတွေ့ရတဲ့ ချာတိတ်မလေးတွေ က ပုပုသေးသေးလေးတွေနဲ့ ချစ်ဖို့အရမ်းကောင်းတယ်နော်။ သူတို့လေးတွေနဲ့အတူ ပင်လယ်ပြင်တိုက်ပွဲတွေကို ဆင်နွှဲချင်တယ်ဆိုရင်တော့ ခုပဲ pre-register သွားလုပ်ထားလိုက်ကြတော့နော်။ ကစားရတာ ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေဖို့အတွက် မင်မင် ကတော့ အခြား ဗားရှင်းတွေအရင် မကစားသေးပဲ English ဗားရှင်းလေးထွက်တဲ့အချိန်အထိ စောင့်ပေးစေချင်ပါတယ်။

Source Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password