Final Fantasy XV Pocket Edition – Android အတွက် Pre Register လုပ်လို့ရပြီ

ပြီးခဲ့တဲ့လပိုင်းတုန်းက ဖော်ပြခဲ့တဲ့ Final Fantasy XV Pocket Edition ဟာ အခုတော့ Android အတွက် Pre-Register လုပ်လို့ရနေပြီဖြစ်ပါတယ်။ Console ဂိမ်းရဲ့ Chibi Version ဖြစ်တဲ့ Pocket Edition ဟာ Main Game ကို ချစ်စဖွယ် Chibi Art Style နဲ့ ပြန်လည်ရေးဆွဲထားတာဖြစ်ပြီး Android ၊ iOS နဲ့ Windows 10 တို့မှာ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Story ပိုင်းကိုလည်း Console Version အတိုင်းပဲ တသွေမတိမ်း ထည့်သွင်းထားမှာဖြစ်လို့ Console စက်မရှိလို့ မဆော့ရသေးသူတွေ FFXV ဇာတ်လမ်းကို အပြည့်အဝခံစားလို့ရမှာဖြစ်ပါတယ်။

Pre-Registration သတင်းအပြင် ဒီဂိမ်းရဲ့ System Requirement တွေကိုပါ သိရှိရပါပြီ။ လိုအပ်ချက်ကတော့ မသေးလှပါဘူး။ Android အတွက်ဆိုရင် OS 5.0 နဲ့အထက်၊ CPU 1.5GHz နဲ့အထက်၊ RAM 2GB နဲ့အထက်တွေ လိုအပ်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ အနည်းဆုံး 5GB လိုအပ်မှာဖြစ်ပြီး High-Resolution နဲ့ဆိုရင် 8GB လိုအပ်မှာဖြစ်ပါတယ်။ တစ်ခုရှိတာက System Requirement နဲ့ကိုက်ညီခဲ့တယ်ဆိုရင်တောင် အချို့ Device တွေကို Support လုပ်မှာမဟုတ်ပါဘူး။ iOS အတွက်ဆိုရင်တော့ iOS 11.1 အနိမ့်ဆုံးလိုအပ်မှာဖြစ်ပြီး iPhone 6s နဲ့အထက်၊ iPad Air 2 နဲ့အထက် Device တွေမှာ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဂိမ်းရဲ့ IAP Model ကိုလည်း သိရှိရပြီဖြစ်ပါတယ်။ ဇာတ်လမ်းကို အပိုင်း ၁၀ ပိုင်းခွဲပြီးထုတ်မှာဖြစ်ပြီး ပထမဆုံးအပိုင်းကို အခမဲ့ဆော့ကစားလို့ရမှာပါ။ အပိုင်း ၂ နဲ့ ၃ ကို $0.99 စီ၊ အပိုင်း ၄ ကနေ ၁၀ ကို တစ်ပိုင်း $3.99 စီနဲ့ ဝယ်ယူဆော့ကစားရမှာဖြစ်ပါတယ်။ အပိုင်းအားလုံးကို Bundle လိုက်ဝယ်ယူမယ်ဆိုရင်တော့ $19.99 ကျသင့်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ ထွက်ရှိမယ့်ရက်ကို အတိအကျမသိရသေးပေမယ့် Pre-Register လုပ်လို့ရနေပြီဆိုတော့ မကြာမီအချိန်အတွင်းမှာ ထွက်ရှိလာတော့မယ်လို့ ယူဆရမှာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password