News

EVE: Project Galaxy ကို mobile အတွက် Pre-Register လုပ်နိုင်ပြီ

NetEase ကုမ္မဏီရဲ့ထွက်ရှိလာမယ့်ဂိမ်းအသစ် EVE: Project Galaxy ကို Pre-Register လုပ်နိုင်ပြီဖြစ်ပါတယ်။ ဒီဂိမ်းဟာ EVE Online ဂိမ်းစီးရီးရဲ့ sequel ဖြစ်မယ်လို့အများကမျှော်လင့်ထားကြပါတယ်။ NetEase ကုမ္မဏီဟာ EVE ရဲ့မူရင်းထုတ်လုပ်သူဖြစ်တဲ့ CCP Games ရဲ့တရားဝင်ခွင့်ပြုချက်ကိုရယူပြီးဂိမ်းရဲ့အဓိကထုတ်လုပ်သူဖြစ်လာတာပါ။ ဒီဂိမ်းဟာ mobile ပေါ်မှာ sandbox strategy MMO အရသာကိုအပြည့်အဝပေးစွမ်းနိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ ဘာလို့ဒီလိုမျှော်လင့်နေကြတာလည်းဆိုတာကြည့်ကြရအောင်။ အောက်က trailer video လေးကိုကြည့်ရင်းဆက်ပြောပြပေးသွားပါမယ်။

Trailer ထဲမှာတော့ဘာမှထူးထူးခြားခြားပြသထားခြင်းမရှိပဲ ရုပ်ထွက်အရည်အသွေး, space warship တွေရဲ့ဒီဇိုင်းနဲ့ တိုက်ပွဲတစ်ခုလောက်ကိုပဲတွေ့ရမှာပါ။ ဒါပေမဲ့အာကာသတိုက်ပွဲတွေကိုကြိုက်နှစ်သက်သူဆိုရင်တော့အခု trailer နဲ့တင် hype နေလောက်ပါပြီ။ Graphic အခြေအနေကိုကြည့်ရင်လည်းမဆိုးတဲ့အနေအထားမှာရှိပြီး NetEase ဟာအကြီးကြီးတစ်ခုကိုလုပ်နေပြီဆိုတာခန့်မှန်းမိကြမှာပါ။ ဒါပေမဲ့ ဒါတွေကဒီဂိမ်းရဲ့အဓိကအချက်မဟုတ်သေးပါဘူး။ Sandbox strategy MMO ဂိမ်းတစ်ခုကိုကစားသူလုပ်ပိုင်ခွင့်အများအပြားနဲ့ mobile ပေါ်ကိုယူဆောင်လာချင်တာက NetEase ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ Player တွေဟာ ကြယ်တွေကြားမှာလျောက်သွားနေမလား၊ စစ်တပ်တစ်ခုခုမှာဝင်ပြီးအမှုထမ်းမလား ဒါမှမဟုတ် ရှားပါးတဲ့အရင်းအမြစ်တွေကိုလိုက်တူးဖော်မလား…. ကြိုက်သလိုကစားနိုင်မှာပါ။

ဒါတင်မကသေးပါဘူး ဂိမ်းရဲ့စီးပွားရေးနဲ့နိုင်ငံရေး (politics) တစ်ခုလုံးကို player တွေကဝိုင်းဝန်းတည်ဆောက်ကြရမှာဖြစ်ပါတယ်။ အကြောင်းအရာတော်တော်များများဟာ player တွေရဲ့လက်ထဲမှာရှိပြီး ရွေ့လိုက်တဲ့အကွက်တိုင်းဟာဂိမ်းရဲ့စီးပွားရေးနဲ့ item ဈေးနှုန်းတွေကိုအနည်းငယ်သက်ရောက်မှုတွေရှိနေစေမှာပါ။ Player တစ်ယောက်အနေနဲ့ကိုယ်ပိုင်စစ်တပ်နဲ့အင်ပါယာတည်ထောင်နိုင်သလိုကိုယ်ပိုင်စီးပွားရေးနဲ့ကုန်သွယ်မှုတွေကိုလည်းထိုင်ပြီးလုပ်နိုင်ပါတယ်။ ဒါ့အပြင်ပင်လယ်ဓါးပြ(အာကာသဓါးပြလို့ခေါ်ရမလား😅) အဖြစ်လည်းဆော့ကစားနိုင်ပြီးအာကာသယာဉ်တွေလိုက်လံခိုးယူနိုင်ပါသေးတယ်။ ဒါဆိုရင်တော့ bounty hunter တွေရဲ့လိုက်လံဖမ်းဆီးချင်းကိုခံရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ mobile ပေါ်မှာမရှိသလောက်ရှား(ရှိလည်းပီပီပြင်ပြင်မဟုတ်) တာကြောင့် gamer အများစုကမျှော်လင့်နေတာကြတာပဲဖြစ်ပါတယ်။

ဂိမ်းကို pre-register ဖွင့်ပေးတာမကြာသေးပေမယ့် register လုပ်သူဦးရေများစွာရရှိနေပြီဖြစ်ပါတယ်။ EVE: Project Galaxy ဂိမ်းဟာ 2019 ခုနှစ်မှာ Andriod နဲ့ Ios နှစ်မျိုးလုံးအတွက်ထွက်ရှိလာမှာဖြစ်ပါတယ်။ လောလောဆယ်တော့ offical website မှာတရုတ်နိုင်ငံအတွက်ပဲ pre-register လုပ်လို့ရဦးမှာဖြစ်ပြီး global အတွက်မကြာခင်လာမှာပါ။ ဒါပေမယ့် APKPure မှာလည်း pre-register လုပ်လို့ရပြီးဂိမ်းထွက်ရှိလာတာနဲ့ဒေါင်းလုပ်ရယူနိုင်မှာဖြစ်ပါတယ်။ ကဲ….စာရေးသူကတော့အတော်လေး hype ဖြစ်နေပြီး APKPure ကနေ pre-register လုပ်ထားလိုက်ပါပြီ။ Playon ပရိတ်သတ်ကြီးအနေနဲ့လည်းနောက်မကျရလေအောင်အောက်ပါ link ကနေတဆင့် pre-register လုပ်ထားနိုင်ပါတယ်။ သာယာတဲ့ gaming နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။

Source, Pre-register

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: